Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 8, 2015

အိမ်ယာမဲ့တွေအတွက် အိမ်တွေဆောက်ပေးနေတဲ့၉နှစ်အရွယ်မိန်းကလေး

ဒီအမေရိကန်နိုင်ငံ ၀ါရှင်တန်က Hailey Fortဆိုတဲ့ကောင်မလေးဟာ အိမ်ယာမဲ့တွေကိုကူညီတဲ့အနေနဲ့ ရွှေ့ပြောင်းလို့ရတဲ့ အိမ်လေးတွေကိုဆောက် လုပ်ပေးခဲ့ပါတယ်။
သူမအသက်၅နှစ်တုန်းက အိမ်ယာမဲ့တစ်ယောက်ကိုမြင်တော့ သူမအမေကိုမေးပြီး sandwichတစ်လုံးဝယ်ပေးကာကူညီပေးခဲ့ဖူးပါတယ်။
"လူတိုင်းမှာနေစရာတစ်ခုတော့ရှိသင့်တယ်လို့ ကျွန်မထင်တယ်လေ၊ ဒါကြောင့် ကျွန်မတတ်နိုင်သလောက် သူတို့ကိုကူညီပေးဖို့စဉ်းစားခဲ့တာပါ"လို့ Haleyက ဆိုပါတယ်။
ဒါကြောင့် Haleyဟာရွေ့ပြောင်းလို့ရတဲ့အိမ်ကလေး၁၂လုံးကို အိမ်ယာမဲ့တွေ အတွက်ဆောက်လုပ်ပေးခဲ့ပါတယ်။ဒီအိမ်တွေဟာ အကောင်းကြီးတော့ မဟုတ်ပေ မယ့် အနည်းငယ်တော့အဆင်ပြေစေမှာပါ။
အိမ်တစ်လုံးရဲ့တန်ဖိုးဟာ ဒေါ်လာ၃၀၀ပဲကျသင့်ပါတယ်။ဒီအိမ်တွေအတွက်ကျသင့်တဲ့ပိုက်ဆံတွေကိုတော့ ဆိုရှယ်နက်ဝက်တွေမှာအလှူခံပြီးတော့ရရှိတာပဲဖြစ်ပါတယ်။ ဒီအိမ်တွေဆောက်တဲ့နေရာမှာ သူမမိဘတွေဆီကနေ အကူအညီတစ်ချို့နဲ့အိမ်ဆောက်ပုံဆောက် နည်းတွေ ကိုယူခဲ့ရပေမယ့် အများစုကို သူမစိတ်ကူးနဲ့တည်ဆောက်ပါတယ်။
သူမဟာ အိမ်တွေအပြင်သူမတို့ရဲ့ခြံထဲမှာ အိမ်ယာမဲ့တွေအတွက်အသီးအနှံ ၂၅၀ပေါင်လောက်ကိုစိုက်ပျိုးထားပါသေးတယ်။
Ayesay.com.mm

No comments:

Post a Comment