CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 5, 2015
မြန်မာနိုင်ငံကို ကမ္ဘာ့ အမှိုက်ပုံး ဖြစ်အောင် လုပ်နေကြသူများ
ခေါင်းစဉ်ကို အမှတ်တမဲ့ ဖတ်လိုက်ရင်တော့ အခုတလော ရေပန်းစား နေတဲ့ Boat People တွေ အကြောင်းလို့ တွေးထင် သွားနိုင်စရာ ရှိပါတယ်။ တကယ်တော့ ကျွန်တော် ပြောပြချင်တဲ့ အကြောင်း ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့အမှိုက်ပုံး ဖြစ်အောင် လုပ်နေကြသူများ ဆိုတာ Boat People ထက် ပိုဆိုးတဲ့ ပြဿနာပါ။
ကျွန်တော်တို့ မြန်မာတွေ ကမ္ဘာအနှံ့ အလုပ်သွားရောက် လုပ်ကိုင်နေကြတာ အများအားဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ ဂျပန်နဲ့ အခြားနိုင်ငံ အချို့မှာ ရှိပါတယ်။ အကြမ်းဖျင်း သိရတဲ့ စာရင်းတွေ အရဆို စုစုပေါင်း နှစ်သန်းကျော် ရှိနေနိုင်ပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၂ မှာ ထုတ်ပြန်တဲ့ စာရင်းမှာတင် (၁ ဒသမ ၁) သန်းကျော် တဲ့ မြန်မာအလုပ်သမားတွေ ရှိနေတယ် လို့ ဆိုထား ပါတယ်။ ကျွန်တော်တို့ မြန်မာတွေ က ကိုယ့်လူမျိုး အချင်းချင်း သူများနိုင်ငံမှာ ကျွန်သွားခံနေရတာ လို့ ခဏခဏ စာစောင်တွေ၊ ကာတွန်းတွေမှာ သုံးနှုန်းပါတယ်။
စာရေးသူ မေးချင်တာက ကိုယ်တွေက သူများနိုင်ငံမှာ ကိုယ့်လူမျိုးတွေ ကျွန်သွားခံနေရ တာလို့ သဘောထားရင် မြန်မာ နိုင်ငံမှာ အလုပ်လုပ် တဲ့ နိုင်ငံခြားသားတွေ ကိုရော ကျွန်တော်တို့ မြန်မာတွေ ဘယ်လို သဘောထားကြ ပါသလဲ။ စာရေးသူ မြင်နေရ တာတော့ ကိုယ့်ဆီမှာ အလုပ် လာလုပ် နေ တဲ့ နိုင်ငံခြားသားတွေ ကိုတော့ မြန်မာတွေက သခင်လို သဘောထား ဆက်ဆံနေ တာပဲ မြင်နေရလို့ ဒီဆောင်းပါးရေး လိုက်တာပါ။
နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်နေ တာကို
စာရေးသူမှ - (၁) အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးခြင်း
(၂) အခွန်အကောက် ရရှိမှု မရှိခြင်း
(၃) နိုင်ငံ့ ဂုဏ်သိက္ခာ ထိပါး စော်ကားခံရခြင်း
ဆိုပြီး (၃) ပိုင်း ပြုစုထား ပါတယ်။
ထိုသုံးပိုင်းစလုံးမတင်ပြခင် အသိပေး ချင်တာက စာရေးသူဟာ မြန်မာပြည်ထဲက နိုင်ငံခြား (INGOs), နိုင်ငံခြားသားပိုင် Companies တွေမှာ စုစုပေါင်း နှစ် (၂၀) ခန့် မြန်မာပြည်မှာ အလုပ်လာ လုပ်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ထိတွေ့ ဆက်ဆံ အလုပ်လုပ်ကိုင်ခဲ့၊ လုပ်နေဆဲ၊ ထို့အပြင် နိုင်ငံခြား တိုင်းပြည် တွေမှာ ပညာသင့်ခဲ့၊ နေခဲ့ဖူးတယ် ဆိုတာလေး ထည့်ပြောပါရစေ။ သူတို့ ဆီမှာ ကျင့်သုံးနေ တာနဲ့ ကျွန်တော်တို့နဲ့ ကွာခြားနေ တာကို နှိုင်းယှဉ် ပြချင်လို့ပါ။
အပိုင်း (၁) အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးခြင်း
မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ် ကိုင်နေသော နိုင်ငံခြားသားအများဆုံးမှာ (၁) တရုတ်၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) အိနိ္ဒယ၊ (၂) ဖိလစ်ပိုင် တို့နှင့် အခြားသော အာရှနိုင်ငံ သားများ၊ ဥရောပသားများ အများဆုံး ဖြစ်ပါတယ်။ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းခွင် တွေကတော့ (၁) ဆောက်လုပ်ရေး လုပ်ငန်း၊ (၂) ဆက်သွယ်ရေး လုပ်ငန်း၊ (၃) ပုဂ္ဂလိက စာသင်ကျောင်းများ၊ (၄) UN အဖွဲ့အစည်း များနှင့် INGO များ၊ (၅) အခြား စီးပွားရေး လုပ်ငန်း တွေမှာပဲ ဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာက အဲဒီနိုင်ငံခြားသားကို အလုပ်ခန့်အပ် ထားတဲ့ Companies တွေက အဲဒီရာထူးတွေမှာ လုပ်ကိုင်နိုင်တဲ့ မြန်မာနိုင်ငံသား မရှိလို့ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားရ တာလား ဆိုတဲ့ မေးခွန်းကို ဖြေပေးဖို့ လိုပါ လိမ့်မယ်။
စာရေးသူရဲ့အမြင် မေးဖို့တာဝန်ရှိ တာက အလုပ်သမား ၀န်ကြီးဌာန ကပါ။ Companies တွေခန့်အပ်ထားတဲ့ နိုင်ငံခြားသားတွေရဲ့ ပညာ အရည်အချင်းကို ပြန်ပြီး စစ်ဆေးပေးဖို့ လိုနေပါပြီ။ မြန်မာပြည်မှာ အလုပ်လာ လုပ်နေတဲ့ နိုင်ငံခြားသား အများစု ဟာ ပညာမတတ်ဘူးဆို စစ်ဆေး လိုက်ရင် ပေါ်လာပါ လိမ့်မယ်။ သူတို့ရဲ့ ဘွဲ့လက်မှတ်က အတုအစစ် သေချာအောင် လက်မှတ်ထုတ်ပေး ထားတဲ့ ကျောင်းတွေကို Online ကနေ Confirmation လိုက်သင့်ပါတယ်။
ဒါမှမဟုတ်လည်း အရမ်းလွယ်ပါတယ်။ သူ့လက်မှတ်မှာ ပါတဲ့ ဘာသာရပ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို မေးလိုက်ရင် အဖြေပေါ် ပါတယ်။ အခု ဖြစ်နေတဲ့ ပြဿနာက ဘာမှ မတတ်တဲ့ အိမ်နီးချင်း နိုင်ငံခြားသားတွေရဲ့ လက်အောက်မှာ မြန်မာဘွဲ့ရ ပညာတတ်တွေ အလုပ်လုပ်နေ ရတာ တစ်စထက် တစ်စ တိုးတိုးလာလို့ ဒီဆောင်းပါးရေး ဖြစ်သွားတာပါ။
နောက်တစ်ချက်က ပညာမဲ့ နိုင်ငံခြား သားတွေကို Companies တွေမှာ ရာထူး အကြီးကြီးတွေ ပေးပြီးခန့်လိုက်တော့ မြန်မာ ပညာတတ်တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ လစာအား ဖြင့်လည်း ဆယ်ဆလောက် ကွာပါတယ်။ ကိုယ့်တိုင်းပြည်မှာ အရင် ကတည်းက အလုပ်လက်မဲ့ ရာခိုင်နှုန်းများနေ ရတဲ့ အထဲ Companies ပ တွေက နိုင်ငံခြားသားတွေ ကို အင်္ဂလိပ်လို ပြောတတ်တာ တစ်ချက်ထဲနဲ့ Manager ရာထူးတွေ ပေးနေတာ ရပ် သင့်ပါပြီ။
တကယ်တမ်း ပြောရရင် မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဟာ တရားမ၀င် အလုပ်သမားတွေ ဖြစ်ဖို့ များ ပါတယ်။ စင်ကာပူမှာ နိုင်ငံခြားသားကို အလုပ်ခန့်ချင်ရင် MOM ကို တင်ရပါတယ်။ MOM ကခွင့်ပြုမှ Companies မှာ အလုပ်စဆင်းရတာပါ။ မြန်မာပြည် မှာတော့ နိုင်ငံခြားသား တွေကို ခန့်ဖို့ အလုပ်သမား ၀န်ကြီးဌာနက ခွင့်ပြုချက် သွားတောင်းတယ် ဆိုတဲ့ လုပ်ငန်းခွင် စာရေးသူတော့ မမြင်ဖူးသေး ပါဘူး။ နိုင်ငံခြားသားဝ န်ထမ်းတွေ အတွက် Long Stay Visa ကို သုံးလ၊ ခြောက်လ၊ အစရှိသဖြင့် Immigration မှာ သွားတိုးပြီး သူတို့က အလုပ်ဝင်လုပ်နေကြ တာပါ။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ဘုရားလို ရိုသေ ကိုးကွယ်နေ တာတွေ ရပ်သင့်ပါပြီ။ တကယ်တော့ ဒီ (၁) တရုတ်၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) အိနိ္ဒယ၊ (၂) ဖိလစ်ပိုင်တို့နှင့် အခြားသော အာရှနိုင်ငံသားများ၊ ဥရောပသား များဟာ သူတို့မှာရှိတဲ့ အရည်အချင်းနဲ့ တခြားနိုင်ငံတွေမှာ တိုးလို့မရ၊ လူရာမ၀င် မြန်မာပြည်လောက် လစာ မရနိုင်လို့ စာရေးသူတို့ ဆီမှာ အလုပ်လာ လုပ်နေရတဲ့ သူတွေ ဆိုတာ မှန်မှန်ကန်ကန် မြင်တတ် သဘောပေါက်ဖို့ အချိန်တန်နေ ပါပြီ။ တကယ်တော့ ကိုယ့်နိုင်ငံက Companies တွေမှာ ရာထူး အကြီးပိုင်းတွေဟာ အရည်အချင်း ပြည့်မီတဲ့ မြန်မာလူမျိုးတွေ အတွက်သာ ဖြစ်သင့်တယ် ဆိုတာ မြန်မာပြည်မှာရှိနေတဲ့ Companies တွေ လိုက်နာ ရမယ့် အရာပါ။ မလိုက်နာတဲ့ Companies များကို အလုပ်သမား ၀န်ကြီး ဌာနက ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူရမှာပါ။
အပိုင်း (၂) အခွန်အကောက် ရရှိမှု မရှိ ခြင်း
မြန်မာနိုင်ငံသားတွေ အခြားနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်ရင် မိမိရောက် ရှိနေတဲ့နိုင်ငံမှာ ၀င်ငွေခွန် ဆောင်ပေးရပါ တယ်။ ဥပမာ ကမ္ဘာကျော် ဘောလုံသမား မာရာဒိုနာဟာ အီတလီမှာ နေခဲ့စဉ်အတွင်း အခွန်ရှောင်ခဲ့တာ ရှိခဲ့တယ် ဆိုပြီး တရားစွဲတာ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ လစာနည်းပါးတဲ့ မြန်မာနိုင်ငံသား ၀န်ထမ်းတွေ နှစ်စဉ် ၀င်ငွေခွန် ပေးဆောင်နေချိန်မှာ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ထံကနေ ကောက်ခံရ ရှိတဲ့ဝင်ငွေခွန် ဘယ်လောက်များ ရှိပါသလဲ။ စာရေးသူ ကတော့ မြန်မာနိုင်ငံမှာ အလုပ်လာ လုပ်နေတဲ့ နိုင်ငံခြားသားတွေ ပေးဆောင် နေတာ လုံးဝ မမြင်ဖူးပါဘူး။ စာရေးသူနဲ့ အင်မတန် ရင်းနှီးခဲ့တဲ့ နိုင်ငံခြားသား တစ်ယောက်ဆို စုစုပေါင်း မြန်မာနိုင်ငံမှာ (၁၅) နှစ်ကျော် အလုပ်လုပ် သွားခဲ့တာ တစ်ခါမှ ၀င်ငွေခွန် ပေးဆောင် သွားတယ် မကြားဖူး ပါဘူး။
အမှန်တကယ် စိစစ်မယ်ဆို မြန်မာနိုင်ငံ မှာ အလုပ်လာ လုပ်နေတဲ့ နိုင်ငံခြားသား အရေ အတွက် သိန်းဂဏန်းအထိ ရှိနေနိုင် ပါတယ်။ တိုင်းပြည် အနေနဲ့ ရသင့်ရထိုက်တာ ဘယ်လောက် အထိ ဆုံးရှုံးခဲ့ ပြီးပြီလဲ။ နောက်ထပ် မဆုံးရှုံးရ လေအောင် သက်ဆိုင်ရာ ဌာနတွေက အမြန်ဆုံး အကောင်အထည် ဖော်စေချင်ပါတယ်။
အပိုင်း (၃) နိုင်ငံ့ဂုဏ်သိက္ခာ ထိပါး စော်ကားခံရခြင်း
မြန်မာနိုင်ငံမှာ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားတွေ ရိုင်းတယ်ဆိုတာ ခဏခဏ ကြားနေ မြင်နေရပါတယ်။ စာရေးသူ အပေါ်က စာပိုဒ် တွေမှာ ရေးခဲ့သလိုပါပဲ၊ ပညာမတတ်၊ လူတောမတိုးနိုင် အသုံးမကျ တဲ့ သူများနိုင်ငံက အမှိုက်လို လူအများစု မြန်မာပြည်မှာ လာစုနေ သလို ဖြစ်နေတာ ပါ။ တစ်ခုခုဆို ခြေထောက်နဲ့ ညွှန်ပြ တတ်တယ်။ အသားလွတ် ဆဲတတ် ဆိုတတ်တယ် ဆိုတာ စာရေးသူ ကိုယ်တိုင် မြင်နေ ကြားနေရ တာပါ။ တကယ်တော့ ဘယ်နိုင်ငံမှာမှ အဲဒီလို ရိုင်းပျလို့ မရပါဘူး။ လုပ်ငန်းခွင်ထဲမှာ လာရိုင်းရင် ချက်ချင်း တရားစွဲခံရမှာ၊ အလုပ်ဖြုတ်ခံရ မှာပါ။ စာရေးသူ ကတော့ ခြေထောက်နဲ့ လာပြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ခြေထောက်နဲ့ ပြန်ပြပြီး မင်းတို့နိုင်ငံမှာ လူကို အဲဒီလို ဆက်ဆံလို့ ရလား လို့မေး ပါတယ်။ ငါစုစုပေါင်း ဘယ်နှနိုင်ငံ မှာ နေခဲ့ဖူးတယ်၊ အဲဒီလို ရိုင်းပျတာမျိုး မမြင်ဖူးဘူး။ မင်းနိုင်ငံ မှာတောင် မင်းလုပ်လို့ မရတဲ့ အပြုအမူမျိုး ငါတို့နိုင်ငံမှာ လာလုပ်ဖို့ မကြိုးစားနဲ့ဆို ချက်ချင်းပြန်ပြောရင် အားလုံး ငြိမ်ကျသွား တာပဲ တွေ့ဖူးပါတယ်။ အဓိက အရေးကြီးတာက ဒီမှာ အလုပ်လာလုပ် နေတဲ့ နိုင်ငံခြားသားတွေ ပြောသမျှ လုပ်သမျှ ငုံ့ခံနေ ကြတာ ရပ်လိုက်ကြ ပါတော့။ သာမန် လူလိုပဲ ဆက်ဆံပါ။ အခု လောလောဆယ် အခြေအနေ မှာတော့ မြန်မာနိုင်ငံမှာ အလုပ် လာလုပ်နေတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာတွေက ညံ့တယ်၊ ကြောက်တယ်၊ ငါတို့ ရိုင်းသမျှ၊ ဆဲသမျှ ငုံ့ခံတယ် ဆိုတဲ့ အမြင် ပြောင်းသွားအောင်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိ နေပါပြီ။
နောက်ဆုံးတစ်ချက် ပြောပြချင်တာ ကတော့ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်နေ တဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိနိ္ဒယ၊ ဖိလစ်ပိုင်က လူတွေ အင်္ဂလိပ်စာ အရမ်းညံ့ပါတယ်။ အင်္ဂလိပ်စာကို သူတို့ဘာသာစကားနဲ့ ရော ညုပ်ပြီးပြောတော့ မြန်မာတွေက နားမလည်တာနဲ့ တင် သူတို့ အင်္ဂလိပ်စာ အရမ်းကောင်းတယ် ထင်ပြီး၊ အဲဒီကနေ စပြီး ဆရာတင်တော့ တာပါပဲ။ စာရေးသူ ကတော့ သူတို့နဲ့ စကားပြောရင် မင်းတို့ အင်္ဂလိပ်လို ပီပီသသ မပြော တတ်ဘူးလား၊ အင်္ဂလိပ်စာနဲ့ မင်းတို့ ဘာသာစကားနဲ့ ရောညှပ်ပြီး လူနားမလည်အောင် မပြောနဲ့လို့ ပြောမှ ရှက်ပြီး အင်္ဂလိပ်လို ခွေးအ လှည်းနင်း သလို ကြီုးစားပြောကြတာပဲ တွေ့နေရ ပါတယ်။ အဲဒီတော့ နိုင်ငံခြားသားနဲ့ ဆက်ဆံနေ ရတဲ့ လုပ်ငန်းခွင် က မြန်မာတွေ သူတို့ပြောတာ နားမလည်ရင် မင်းတို့ အင်္ဂလိပ်လို ပီပီသသ ပြောစမ်း ပါလို့ ပြန်ပြောပေးပါ။ စာရေးသူရဲ့ မိတ်ဆွေ တစ်ယောက်က ဥရောပနိုင်ငံတစ်ခုက ပြည့် တန်ဆာတစ်ယောက် မြန်မာလို တစ်လုံး နှစ်လုံး ပြောတတ်တာတွေ့လို့ မေးကြည့် လိုက်တော့ သူက မြန်မာပြည်က ပုဂ္ဂလိက နာမည်ကြီး ကျောင်းတစ်ကျောင်းမှာ နှစ်နှစ် လောက် ဆရာမ လုပ်ခဲ့တာလို့ ဆိုပါတယ်။ မြန်မာပြည်က ပုဂ္ဂလိက နာမည်ကြီး စာသင်ကျောင်းတွေမှာ စာလာသင်နေတဲ့ နိုင်ငံခြားသူ၊ နိုင်ငံခြားသားတွေရဲ့ ပညာ အရည်အချင်းနဲ့ လုပ်ခဲ့တဲ့ အလုပ်အကိုင်တွေ ကိုလည်း တိုင်းပြည်သိက္ခာ မကျရလေအောင်စိစစ်ပြီးမှ လက်ခံပေးကြပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို ခဏရပ်ပါရစေ။
မြန်မာပြည်ရောက် နေတဲ့ တစ်ကမ္ဘာလုံးက အမှိုက်များ အမြန်ရှင်းသွားပါစေလို့... ..
http://www.messengernewsjournal.com/news/Article/detail.php?id=37329
မြန်မာနိုင်ငံကို ကမ္ဘာ့ အမှိုက်ပုံး ဖြစ်အောင် လုပ်နေကြသူများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment