Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

မြို့နှင့်ဝေးလံသည့် ဒေသများမှ တာဝန်ကျ ဆရာ၊ဆရာမများ အမှန်တကယ် တာဝန်ထမ်းဆောင်ခြင်း ရှိ မရှိ စစ်ဆေးမည်


ပညာရေးဝန်ကြီးဌာနမှ ခန့်အပ် ထားသည့် ဆရာ၊ဆရာမများ မြို့နှင့် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများ၌ သွားရောက် ပညာသင်ကြားခြင်း ရှိမရှိကို စစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရ သည်။
“ဝေးလံခေါင်သီတဲ့ ကျေးရွာတွေ မှာ ခန့်အပ်ထားတဲ့ ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ ရောက်လာခြင်းမရှိတာ၊ လူစားထိုး သင်ကြားစေတာတွေကို စိစစ်တော့မှာ ဖြစ်ပါတယ်။ နယ်မြေတွေ က သတင်းပေးတာတွေအပြင် ဝန်ကြီး ဌာနအနေနဲ့လည်း လိုက်လံစစ်ဆေး မှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေ သကြီး ပညာရေးမှူးရုံးထံမှ ညွှန်ကြား ရေးမှူး(ပညာ) ဦးခင်မောင်မြင့်က ပြောသည်။

နိုင်ငံတော် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် ဆောင်ရွက်ရာတွင် ထိခိုက်မှု မရှိစေရန်၊ ဝေးလံခေါင်သီ သည့် ဒေသများတွင် စာတတ်မြောက်မှု ပမာဏ ပိုမို တိုးတက်လာစေရန်နှင့် စည်းကမ်းလိုက်နာမှု ရှိလာစေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်သည်။

“ခန့်တော့ခန့်တယ်။ မရောက်တာ တွေ ဖြစ်နေတဲ့အတွက် စိစစ်မယ်။ လိုအပ်ရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ ပညာရေးဝန်ကြီးဌာတို့ နိုင်ငံပိုင်သ တင်းစာထဲမှာ ဆရာ၊ ဆရာမတွေကို ခေါ်ယူမယ်။ ခန့်ပေမယ့် မရောက်တဲ့ သူတွေကို မှတ်တမ်းတစ်ခုထားရှိပြီး ရာ ထူး၊ ခံစားခွင့်တွေကို လျှော့ချသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြော သည်။

စိစစ်မှုများ လုပ်ဆောင်သည့်အ ပြင် ဆရာ၊ ဆရာမများမှာ ရရှိသည့် လစာပမာဏ နည်းသောကြောင့် တာဝန်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေထိုင်သည့်မြို့နှင့် နီးစပ်သည့်နေရာ များတွင်တာဝန်ချထားပေးနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment