Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 28, 2015

ကိုပါကြီးသေဆုံးမှု လူသတ်မှုဖြင့် အမှုဖွင့်

မွန်ပြည်နယ် ကျိုက်မရာမြို့နယ် ရွှေဝါချောင်းကျေးရွာ အုပ်စုမှာရှိတဲ့ ခွေးလပြွတ်ကုန်းမှာ ကိုပါကြီး(ခ)ဦးအောင်နိုင်(ခ) ဦးအောင်ကျော်နိုင်ရဲ့ သေဆုံးမှုအတွက် ကျိုက်မရော မြို့မရဲစခန်းတပ်ဖွဲ့စခန်းမှာ ဇွန်လ ၂၅ ရက်နေ့က လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ အဲ့ဒီရဲစခန်းထံမှ သိရပါတယ်။
ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျိုက်မရောမြို့နယ် တရားရုံးက ဇွန်လ ၂၃ ရက်နေ့က ကိုပါကြီးသေဆုံးရတာဟာ ဓမ္မတာအတိုင်း မဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်ဆိုတဲ့ အမိန့်ချမှတ်ခဲ့ တဲ့အပေါ်မှာ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်အေးက တရားလိုပြုလုပ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှာ ကျိုက်မရောမြို့မရဲစခန်းမှာ ၅/၂၀၁၄ နဲ့ လူပျောက်တိုင်ကြားခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့က ကိုပါကြီးသေဆုံးပြီဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာကြောင့် အောက်တိုဘာ ၂၆ ရက်နေ့မှာ သေမှုသေခင်းအမှတ်စဉ် ၁၁/ ၂၀၁၄ နဲ့ အမှုဖွင့်ထားရာမှ အခု (ပ)၂၀/၂၀၁၅ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ နဲ့ ဆက်ပြီး အမှုဖွင်ထားတာ ဖြစ်တယ်လို့ ကျိုက်မရောမြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်ဘက်ဆိုင်ရာ တရားစီရင်ရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ် ဖြစ်တယ်လို့ ပါထားတယ်။ အကျဉ်းစစ်တရားရုံးက တပ်မတော်သားနှစ်ဦးကို တရားသေလွှတ်တဲ့ ဆုံးဖြတ်ချက်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက အတည်ပြုခဲ့ပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လတ်မှတ် မထိုးရသေးဘူး။ အဲ့ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတဆီကို အသနားခံစာ ပေးပို့ထားတယ်” လို့ ဒေါ်သန္တာက ဆိုပါတယ်။
သေမှုသေခင်းကို အရပ်ဘက်တရားရုံးက အမိန့်ချထားပြီး ဖြစ်တာကြောင့် နောက်ထပ်အမှု တွေကိုလည်း အရပ်ဘက်တရားရုံးမှာသာ ဆက်လက်စစ်ဆေးရတဲ့ လုပ်ရိုးလုပ်စဉ်တွေ ရှိတယ်လို့ သူက ပြောပါတယ်။
The Voice Weekly

No comments:

Post a Comment