Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 15, 2015

အယ်ကိုင်းဒါး ခေါင်းဆောင်တစ်ဦးကို ပစ်မှတ်ထားပြီး လစ်ဗျားထဲမှာ အမေရိကန် လေကြောင်း တိုက်ခိုက်


လစ်ဗျား နိုင်ငံ မှာ လှုပ်ရှား နေတဲ့ အယ်ကိုင်းဒါး အဖွဲ့ရဲ့ အလယ်အလတ် အဆင့် ခေါင်းဆောင် တစ်ဦး ကို ပစ်မှတ် ထားပြီး၊ လေကြောင်း တိုက်ခိုက် မှု ပြုလုပ် ခဲ့တယ် ဆိုပြီး အမေရိကန် စစ်ဘက် က ထုတ်ဖော် ပြောဆို ပါတယ်။

ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ကိုတော့ ပဲန်တဂန် စစ်ဌာန ချုပ် က အတိတကျ မပြောပါဘူး။

အမေရိကန် က ပြုလုပ်ခဲ့တဲ့ အဲဒီ့ လေကြောင်း တိုက်ခိုက် မှု အောင်မြင် ခဲ့တယ် လို့ ယူဆ ရပါတယ်။

လောလော ဆယ်ဆယ် တိုဘရွတ်ခ် မြို့ မှာ အခြေစိုက် ထားတဲ့ နိုင်ငံတကာ အသိအမှတ် ပြု လစ်ဗျား အစိုးရ ကတော့၊ အဆိုပါ လေကြောင်း တိုက်ခိုက် မှု အတွင်း သေဆုံး သွားသူ ဟာ မွတ်ခ်တာ ဘယ်လ်မွတ်ခ်တာ အမည် ရှိ လက်နက် ကိုင် တစ်ဦး ဖြစ်တယ် လို့ ဆိုပါတယ်။

ထိုသူဟာ ၂၀၁၃ တုန်းက အယ်လ်ဂျီးရီးယား ဓာတ်ငွေ့ စက်ရုံ ကို တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/timeline

No comments:

Post a Comment