လန်ဒန် ၊ ၈-၆-၂၀၁၅
ဗြိတိန်နိုင်ငံရှိ Aldi စူပါမားကက် တစ်ခုမှ ဝယ်ယူလာသည့် ငှက်ပျောခိုင် တစ်ခိုင်တွင် Brazilian Wanderer အမည်ရှိ ကမ္ဘာ့ အဆိပ်အပြင်းဆုံး ပင့်ကူ တစ်ကောင်၏ အသိုက်ကို မိသားစုတစ်စုက တွေ့ရှိ ခဲ့ပြီးနောက် ယင်းပင့်ကူမှာ နိုင်ငံအတွင်း သို့ ရောက်ရှိလာခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်ဟု သိရသည်။
အဆိုပါ အဆိပ်ပြင်း ပင့်ကူအိမ်ကို ဝါဝစ်ရှိုင်းယား ပြည်နယ် နန်နေတင်မြို့ ရှိကိသ်ဟော့ဘ်စ် နှင့် ဇနီး လော်ရာတို့ က Aldi စူပါမားကတ်မှ ဝယ်ယူလာသည့် ငှက်ပျောခိုင် အတွင်းမှ တွေ့ရှိခဲ့ပြီး ကြောက်လန့် ခြင်းကြောင့် နေအိမ်မှ စွန့်ခွာ၍ ဟိုတယ်တစ်ခုတွင် သွားရောက် အိပ်စက်ခဲ့ ရကြောင်း ဗြိတိန်နိုင်ငံထုတ် Daily Record သတင်းဌာနက ဇွန် ၆ ရက်တွင် ဖော်ပြခဲ့သည်။
ထို့နောက် အာဏာပိုင် များက ငှက်ပျောခိုင်ကို ရောင်းချခဲ့ သည့် စတိုးဆိုင်ကို ခေတ္တပိတ်ပစ် ခဲ့ပြီး နောက်ထပ် ပင့်ကူအိမ် များကို ရှာဖွေခဲ့ရာ ထပ်မံရှာတွေ့ခြင်း မရှိသောကြောင့် အဆိုပါဆိုင်ကို နောက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြု ခဲ့ကြောင်း သိရသည်။
ဘရာဇီးပင့်ကူ မျိုးစိတ်တစ်ခု ဖြစ်သည့် အဆိုပါပင့်ကူ အကိုက်ခံ ရပါက အကိုက်ခံ ရသူမှာ နှစ်နာရီ အတွင်း သေဆုံးနိုင်ဖွယ် ရှိပြီး ပင့်ကူ၏ အရှည်မှာ ၁၅ စင်တီမီတာ အထိ ရှိနိုင်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment