သားဖြစ်သူရဲ့
တက္ကသိုလ်ပညာရေးနဲ့ပတ်သတ်ပြီး သားအမိနှစ်ဦးရန်ဖြစ် စကားများကြရာကနေ
သားဖြစ်သူက မိခင်ဖြစ်သူကို လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အယ်လာဘားမားပြည်နယ်
မန်တိုနီမြို့ကလေးမှာဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပြီးသွားတဲ့အချိန်မှာ သားဖြစ်သူတိုင်လာရွိုင်ယန်ဘလန်တစ်က အရေးပေါ်ဌာနက ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပေမယ့် ရဲတွေရောက်လာချိန်မှာတော့ မိခင်ဖြစ်သူက အသက်သေဆုံးနေခဲ့ပြီ ဖြစ်ပါတယ်။ သားဖြစ်သူဘလန်ဆစ်ကိုယ်တိုင်ကလည်း သူ့မိခင်ဖြစ်သူကို ဒေါသမထိန်းနိုင်ပဲ သတ်မိသွားတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ထိပ်သွားတုံးတဲ့အရာဝတ္ထုနဲ့ အရိုက်ခံရတာလို့ ရဲတပ်ဖွဲ့က သုံးသပ်ပြီး သားဖြစ်သူကလည်း ဘေ့စ်ဘောရိုက်တဲ့တုတ်တံနဲ့ ရိုက်မိခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
သူ့ရဲ့တက္ကသိုလ်ပညာရေးအတွက် သားအမိနှစ်ဦး အငြင်းအခုံဖြစ်ကြရာကနေ ဒီလိုလူသတ်မှုအထိ ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ သားဖြစ်သူဟာ အိမ်ကိုပြန်ရောက်နေတာ ရက်အနည်းငယရှိသွားခဲ့ပြီဖြစ်ပြီး တက္ကသိုလ်ဆက်တက်ဖို့အတွက် စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ ဘလန်ဆစ်ဟာ သူ့မိဘနှစ်ဦးရဲ့ တစ်ဦးတည်းသောသားလည်း ဖြစ်ပါတယ်။
Ref - cnn
http://www.planet.com.mm/detail/27922/World

No comments:
Post a Comment