Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 3, 2015

အမေရိကန်နိုင်ငံမှ ပေးပို့သော ဒုံးကျည်များ လက်ဘနွန်ကြည်းတပ် လက်ခံရရှိ



BGM-71 TOW တင့်ကားဖျက် လောင်ချာ

ဘေရွတ် ၊ ၃-၆-၂၀၁၅

လက်ဘနွန် ကြည်းတပ်သည် စစ်သွေးကြွ များနှင့် နယ်စပ်ဒေသ တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိစဉ် အမေရိကန် နိုင်ငံမှ ပေးပို့ရန် ကတိပြု ထားသော စစ်လက်နက် ပစ္စည်းများ ဘေရွတ်လေဆိပ် သို့ ဇွန် ၁ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်လက်နက် ပစ္စည်းများတွင် TOW တင့်ဖျက်ဒုံးကျည် များနှင့် ၄င်း ဒုံးကျည် ပစ်စင်များ ပါဝင်ကြောင်းနှင့် အမေရိကန် စစ်လက်နက် ပစ္စည်းများကို ပုံမှန် လုပ်ထုံးလုပ်နည်း နှင့်အညီ လက်ဘနွန် ကြည်းတပ်သို့ လွှဲပြောင်း ပေးအပ်လျက် ရှိကြောင်း လက်ဘနွန် ကြည်းတပ်က ထုတ်ပြန်ကြေညာ ခဲ့သော်လည်း လွှဲပြောင်း ပေးအပ်သည့် စစ်လက်နက် ပစ္စည်းများ အားလုံးကိုမူ ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိကြောင်း သိရသည်။

အမေရိကန် နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုကျော် ကာလအတွင်း လက်ဘနွန် ကြည်းတပ်သို့ အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် ထောက်ပံ့ ပေးခဲ့ပြီး ယင်း စစ်လက်နက် ပစ္စည်း အများစုတွင် သံချပ်ကာ လူသယ်ယာဉ်များ၊ အပေါ့စား လေယာဉ်များ နှင့် ဆက်သွယ်ရေး စနစ်များ အပါအဝင် တိုက်ခိုက်ရေး မဟုတ်သော စစ်လက်နက် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင်လည်း လက်ဘနွန် စစ်သည်များကို ကာကွယ်ရာ၌ အထောက်အကူ ဖြစ်စေရန် နောက်ဆုံးပေါ် သံချပ်ကာ Humvee ယာဉ် ဒါဇင်ပေါင်း များစွာ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ကလည်း အမေရိကန် နိုင်ငံမှ ပေးပို့ခဲ့သော စစ်လက်နက် ပစ္စည်းများတွင် အသေးစား၊ အလတ်စားနှင့် အကြီးစား အမြောက်ကျည်များ အပါအဝင် ခဲယမ်းကျည် ၂၆ သန်း ခန့်နှင့် M-198 ဟော်ဝစ်ဇာ အမြောက် အလက် ၇ဝ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment