Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

ဟင်းလျာများတွင် ဘိန်းစေ့ထည့် ချက်ပြုတ်သည့် စားသောက်ဆိုင်မန်နေဂျာ နှစ်ဦးကိုဖမ်းဆီး





ဝူဟန် ၊ ၁၄-၆-၂၀၁၅

စားသောက်ဆိုင် တွင် တည်ခင်း ရောင်းချ နေသည့် ဟင်းလျာများတွင် ဘိန်းစေ့များကို ထည့်သွင်း ချက်ပြုတ် ရောင်းချခဲ့သည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေးပြည်နယ် ရှိ စားသောက်ဆိုင် တစ်ဆိုင်မှ မန်နေဂျာ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း အာဏာပိုင် များက ယမန်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

အမည်ဖော်ပြ ထားခြင်း မရှိသော အဆိုပါ စားသောက်ဆိုင် သည် ၄င်းတို့ ချက်ပြုတ် ရောင်းချ လိုက်သည့် အသားဟင်းလျာ များကို အရသာ ပိုမိုထူးကဲ စေရန်အတွက် ယင်းသို့ ဘိန်းစေ့များကို ထည့်သွင်း ချက်ပြုတ်
ခြင်းဖြစ်ပြီး ၄င်း ဟင်းလျာ များကို စားသုံးမိသူ များသည် ၄င်းတို့ဆိုင်မှ အစားအသောက် များကို ပိုမို စားသုံး လာစေရန် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အဆိုပါ စားသောက်ဆိုင် သည် ဟင်းလျာများ အတွင်းသို့ ဘိန်းပင်မှ ထုတ်ယူ ထားသည့် အယ်လ်ကာလွိုက် များကိုပါ ထည့်သွင်း ချက်ပြုတ် ခဲ့ကြောင်း အာဏာပိုင် များက ယခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့သည့် စစ်ဆေးမှု၌ တွေ့ရှိခဲ့ ကြကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အစားအသောက် များအတွင်း မော်ဖိန်း ပါဝင်သည့် ဘိန်းစေ့များကို ထည့်သွင်း ချက်ပြုတ် ခြင်းကို တားမြစ်ထားပြီး ဘိန်းစေ့များ ပါဝင်သည့် ဟင်းလျာများကို အချိန် ကြာမြင့်စွာ စားသုံး မိပါက အာရုံကြော စနစ်ကို ပျက်စီး စေနိုင်ပြီး မူးယစ်မှုကို စွဲလမ်းခြင်း တို့ ဖြစ်ပေါ် စေကြောင်း ကျွမ်းကျင် သူများက ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment