Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 17, 2015

ပဲခူးတွင်တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် ခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွား


(၁၆.၆.၂၀၁၅)နေ့ ညနေ(၅း၃၀)အချိန်
ပဲခူးမြို့၊ဘူတာဂုံးဆင်းရှိ ဟိန္ဒူဘုရားကျောင်းအနီးတွင်
တစ်ဘက်နှင့်တစ်ဘက် ခဲများဖြင့်ပစ်ပေါက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်ပွားရသည့်အကြောင်းအရင်းမှာ ပဲခူးမြို့၊ရွှေသာလျောင်းဘုရားလမ်းရှိ
ရေကျော် ဘောလီဘောကွင်းတွင် ရာကျော်(၃၀)နှစ်၊
(ဘ)ဦးမြင့်၊စိတ္တသုခလမ်း၊ကလျာဏီရပ်ကွက်နေသူနှင့်
ညီငယ်လေး(၂၃)နှစ်၊(ဘ)ဦးခင်ဦး၊စက်ပိုင်း၊ကျွန်းသာယာရပ်ကွက်
နေသူတို့မှာ ဘောလုံးကန်ရာကနေ စကားများရန်ဖြစ်ကြပြီး ညီငယ်လေးမှ
ရာကျော်ကို ခဲဖြင့်ထုလိုက်ရာ ခေါင်းပေါက်သွားခဲ့ပြီး ညီငယ်လေးမှာ စက်ပိုင်းဘက်သို့ ထွက်ပြေးသွားခဲ့၍နောက်မှ ရာကျော် ၏ဆွေမျိုးများက စက်ပိုင်းဘက်သို့ လူစုလိုက်လာရာမှ ဘူတာဂုံးပေါ်အရောက်တွင်ရာကျော်ဆွေမျိုးမျာနှင့်
ညီငယ်လေး ဘက်မှ အဖွဲ့တို့ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန်
ဆဲဆိုပြီး ခဲဖြင့် ပစ်ပေါက်မှုများဖြစ်ပွားခဲ့ရာ လမ်းသွားပြည်သူများနှင့် တာဝန်ရှိသူများဝိုင်းဝန်ဖြေရှင်ပေးခဲ့သဖြင့်တစ်ဘက်နှင့်တစ်ဘက်
ပြေလည်မှုများရရှိသွားခဲ့ကြောင်းနှင့် ထိခိုက်မှုတစ်စုံတစ်ရာ
ကြီးကြီးမားမားမရှိခဲ့ကြောင်း သာမာန်ရန်ပွဲလေးသာဖြစ်ခဲ့ကြောင်း
သတင်းရရှိသည်။
Thant Zin


No comments:

Post a Comment