Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

ဖေ့စ်ဘွတ်ခ်ပေါ်တွင် တရားမ၀င်သေနတ်ရောင်းချသူ ဖမ်းဆီးခံရ


အွန်လိုင်းပေါ်ကတဆင့် တရားမ၀င်လက်နက်ရောင်းဝယ်နေတဲ့အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသားတဦးကို ဆူရတ်ဌာနီခရိုင်က သူ့နေအိမ်မှာ သေနတ် ၁၂ လက်၊ သက်သေခံ ပစ္စည်း ၃၀၀ နီးပါးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဝါ့ချရာပွန်ဆေးလင်းဟာ ဇွန် ၁၂ ရက်နေ့က ဆူရတ်ဌာနီခရိုင်တွင်းမှာ ၀ယ်သူအယောင်ဆောင်ရဲတွေနဲ့ တွေ့ဆုံအပြီးမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ရဲတွေက သူ့ဆီက ဆေးရွက်ကြီး၊ စိတ်ကြွမူးယစ်ဆေးဝါးနဲ့ သေနတ်တလက်ကို ၇၅၀၀ ဘတ်နဲ့ ၀ယ်ယူဖို့ဆက်သွယ်ခဲ့တာပါ။

ရဲတွေက သူ့ကို သူ့အိမ်ဆီခေါ်သွားဖို့ပြောခဲ့ပေမယ့် သူက သူ့ဆွေမျိုးတဦးအိမ်ကို ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေဟာ သူ့ရဲ့အိမ်ကိုတွေ့ရှိခဲ့ပြီး သူ့အိမ်ထဲမှာနေတဲ့ အမျိုးသမီး ၂ ဦးကိုပါ တွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးက သူတို့ကို အိမ်သန့်ရှင်းရေးလုပ်ဖို့ ငှားရမ်းခဲ့တာဖြစ်ပြီး သေနတ်ရောင်း ၀ယ်မှုနဲ့ မပတ်သက်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ပရာနီးမီခမ်းဆိုသူအမျိုးသမီးကို ဖမ်းမိခဲ့ပေမယ့် ကျန်အမျိုးသမီးကတော့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးလွတ်မြောက်သွားပါတယ်။

ရဲတွေက သေနတ် ၁ လက်၊ ပွိုင့် ၃၂ ပစ္စတို ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်း ၂၈၀ လောက် အဲဒီအိမ်ထဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဆူရတ်ဌာနီခရိုင်ရဲဌာန အရာရှိပွန်းဆက်နွမ်နူးက တရားမ၀င်လက်နက်ရောင်းဝယ်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ “ဖူးဒူးလယ်ခွန်ဒမ်း” အမည်နဲ့ဖွင့်ခဲ့တဲ့ စာမျက်နှာကတဆင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဝါ့ချရာပွန်ဟာ ကျောင်းသားတယောက်ဖြစ်ပြီး သူ့ရဲ့ရပ်တည်နေထိုင်မှုအတွက် အွန်လိုင်းပေါ်မှတဆင့် လက်နက်ရောင်းဝယ်မှုက ရခဲ့တာလို့ ရဲတွေကိုပြောပါတယ်။

သူက သေနတ်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ဖေ့စ်ဘွတ်ပေါ်က အခြားရောင်းသူတွေဆီကရတာလို့ ဆိုပါတယ်။ အဲဒီသေနတ်တွေကို ရောင်းချဖို့ပြန်လည်ပြင်ဆင်ပြီးချိန်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ဗွီဒီယိုဖိုင်တွေကိုပါ ပြု လုပ်တယ်လို့ ရဲတွေကိုပြောခဲ့ပါတယ်။

ပစ္စည်းမှာသူဆီက မက်ဆေ့ခ်ျရပြီး ၁ နာရီအတွင်း သူဟာ ပစ္စတိုတလက်ကို ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့မှ ၀ယ်သူ့ဆီကို ဖေ့စ်ဘွတ်ခ်မက်ဆေ့ခ်ျကနေ ပုံတွေပို့ရတာလို့ သူကပြောပါတယ်။ ၀ယ်သူ့ဆီက ငွေလွှဲလက်ခံပြီးချိန်မှာ သူက ပစ္စည်းဝန်ဆောင်မှုကတဆင့် သေနတ်ကို ပို့ပေးတယ်လို့ ဆိုပါတယ်။

ရဲတွေက သူ့အိမ်ထဲမှာ တရားမ၀င် ရောင်းချပြီး သေနတ်ပြေစာစုစုပေါင်း ၁၁၂ ရွက် တွေ့ရှိခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါရှိပါတယ်။
http://burmese.dvb.no/archives/97662

No comments:

Post a Comment