Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ရုပ်ဖျက်ပြီး ဗိုလ်လုပွဲ သွားကြည့်


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ရုပ်ဖျက်ပြီး ဗိုလ်လုပွဲ သွားကြည့်ခဲ့တယ်။ အမတ်တယောက်အနေနဲ့ ရုပ်ဖျက်ပြီး ဘောပွဲကြည့်တာ မြန်မာ့သမိုင်းမှာ ပထမဦးဆုံးလို့ ဆိုရလေမလား..။
Tuesday, June 16, 2015
မနေ့ကညနေမှာမြန်မာဘော်လုံးပွဲကို နေပြည်တော်သပြေကုန်းဈေး LED ဘုတ်ကြီးမှာပျော်ပျော်ကြီးအားပေးရအောင် လာခဲ့ပါ ဆိုပြီး ချိန်းကြသူတွေက မဇ္ဇိမ က လွှတ်တော်သတင်းထောက်ညီငယ်ရယ် ဘီဘီစီ ကိုအောင်သူရ ရယ် ကျနော့်အကြောင်း ဒေါက်ကယူမန်ထရီ လိုက်ရိုက်နေတဲ့ နယ်သာလန် က ကင်မရာဆရာ ဂျေးလ် ရယ် သမီးမချယ် နဲ့ သူတို့ရုံးကသူ့သူငယ်ချင်းခလေးတွေ ရယ် ဗျ ။ ကျနော်ကတော့ အဆောင်မှာဘဲကြည့်မလို့စိတ်ကူးထားတာ ။ လူတွေအများကြီးနဲ့ဆိုတာရယ် သပြေကုန်း ဈေးမှာက ကွန်ပြူတာရိုက်တာတို့ ကျောက်စိမ်းပန်ချီ ဝယ်တာတို့ မုန့်ဟင်းခါးစား ဈေးဝယ် ဆံပင်ညှပ် ကအစလုပ်နေကြဆိုတော့ လူတွေနဲ့ကျနော် က မျက်မှန်းတမ်းနေပြီးသား အမတ်ဦးလှဆွေ ဆိုတာသိပြီးသား လေ ။ နောက်ပြီး ကိုယ့်ဘက်ကဂိုးသွင်းလိုက်လို့ထခုန်မိရင်ဘဲဖြစ်ဖြစ် အသွင်းခံခဲ့ရရင် တယ်လေ ငါ ဟာ ဟင် တောက် ကျွတ် လုပ်မိတာဘဲဖြစ်ဖြစ် မသင့်ပါဘူးလေလို့ တွေးမိတယ်။ ကိုယ်ကလည်း လူရှေ့မရှောင်လုပ်မိမှာဘဲလေ ။ ခေါ်တဲ့သူတွေက အိုးစည်ဒိုးပါတ်တွေတီးနေပြီ စတော့မယ် အမြန်လာ ဆိုပြီး လောဆော်ကြသေးသဗျ ။
ဒါနဲ့ ရုပ်ဖျက်ပြီးလူတောထဲတိုးသွားလိုက်တယ် ။ ခေါ်တဲ့သူတွေကို ကျနော့်သမီးအရင်းကအစ တွေ့ပါ့ဗျာ ။ ဒါပေမဲ့ နယ်သာလန် မစ္စတာ ဂျေးလ် ကလွဲပြီးကျန်လူတွေ သူတို့ကျနော့်ကိုလုံးဝမမှတ်မိကြဘူး ။ ပိုဆိုးတာက သိပ်မကြာခင်ကပြီးသွားတဲ့ ဂန့်ဂေါမင်းရွာဘုရားပွဲ နွားလှည်းပြိုင်ပွဲမှာဆုလက်ဆောင်ပေးဘို့ နွားလှည်းပုံပါတဲ့ကျောက်စိမ်းပန်းချီကား ၃ ချပ်တိတိဝယ်ယူအားပေးထားတဲ့ လရိပ်ချိုကျောက်စိမ်းပန်းချီဆိုင်ပိုင်ရှင်က ဟဲလိုမစ္စတာ အားယူဟက်ပီး အိုင်ဟက်ဗ် ဂျိတ်ပစ်ချားရှော့အင်သစ်မားကက် တူမောရိုးယူကမ်းအင်ဆီး ဒုန့်ဘိုင် နိုးပရော်ဗလင် ဆိုပြီး ဘိုလို လာမှုတ်ကာ လိပ်စာကဒ် ပါပေးသဗျ ။ ရီခြင်လိုက်တာလေ ဒါပေမဲ့ ကျနော်က အိုကေ အိုက်ဝယ်လ်ကမ်းတူမောရိုးအင် အိုင် အင်းထွက်သဂျိတ်ပစ်ချယ်လ် လို့ ဖြူဖြူကျော်သိန်းနဲ့မတူတူအောင် လုပ်သံကြီးနဲ့ ပြောပြီးအမြန်လစ်ထွက်ခဲ့ရသဗျ ။ အဲဒါကို တကယ့်လူဖြူအစစ် မစ္စတာဂျေးလ် က တွေ့ဖြစ်အောင်တွေ့သွားပြီး အိုး ဦးလှဆွေ ယူအာအမေ့ဇင်းပါစင် လို့ မှတ်ချက်ပေးသဗျ ။ သမီးအရင်းမချယ်ကလည်း အပြန်မှာသူ့အဆောင်လိုက်ပို့မလို့ဖုန်းဆက်ခေါ်လိုက်တော့ ကား ကတော့ဟုတ်တယ် အဖေ ကဘယ်သွားနေလို့ ဒီ နိုင်ငံခြားသားက ကားခေါင်းထဲရောက်နေပါလိမ့် ပေါ့ ။ အနားနီးမှ ဟဲ့ မချယ် ဆိုတော့မှ မှတ်မိသဗျ ရီရချက်တော့ ။
ဘောပွဲကရှုံးလို့ငိုခြင်ပါတယ်ဆိုမှ မနေ့ညကတော့ ငိုအားထက်ရယ်အားသန် ပါဘဲဗျာတို့ရေ ။

No comments:

Post a Comment