Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

ဆိုင်ရှင်ကချောလွန်းလို့ ရောင်းကောင်းနေတဲ့ ထိုင်ဝမ်ကတို့ဟူးဆိုင်


ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ သာမန်တိုဟူးဆိုင်ကလေးဟာ အမျိုးသားတစ်ဦးကြောင့် အလွန်ရောင်းကောင်းနေရပါတယ်။ ကြိတ်ကြိတ်တိုးအားပေးဝယ်ယူနေကြတဲ့ ဖောက်သည်တွေကတော့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ တိုဟူးဆိုင်မှာရှိတဲ့ အသက် ၂၆ နှစ်အရွယ် ချန်ရီတင်ဟာ ဆွဲဆောင်မှုအားကောင်းတဲ့အမျိုးသားတစ်ဦးပုံစံရှိနေတာကြောင့် သူ့ဆိုင်မှာ အမျိုးသမီးဖောက်သည်တွေ ကြိတ်ကြိတ်တိုးစည်ကားနေရတာ ဖြစ်ပါတယ်။

ထိုင်ဝမ်အင်တာနက်သုံးစွဲသူတွေကြားမှာတော့ ဒီအကြောင်းအရာက ထိပ်ဆုံးမှာနေရာယူထားပြီး သူ့အကြောင်း ကိုနေ့စဉ်လူပြောများနေပါတယ်။ လူသိများလာပြီးတဲ့နောက်မှာတော့ သူ့အကြောင်းကို facebook မှာရှာဖွေခဲ့တဲ့ ပရိသတ်တစ်ဦးကြောင့် ပိုပြီးလူသိများလာခဲ့ပါတယ်။ ချန်ဟာ တိုဟူးဆိုင်ကဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။ အဆင့်မြင့်ကားကုမ္ပဏီ မာစီဒီးလိုမျိုးအတွက်တောင် မော်ဒယ်အဖြစ်သရုပ်ဆောင်ပေးသူဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ သူမော်ဒယ်အဖြစ် သရုပ်ဆောင်ထားတဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ထိုင်ဝမ်က သာမန်အလုပ်လုပ်သူတွေထဲမှာ တို့ဟူးရောင်းတဲ့ ချန်တစ်ယောက်တည်း ဒီလိုရုပ်ဖြောင့်တာတော့ မဟုတ်ပါဘူး။ ဈေးရောင်းတွေသူတွေဖြစ်ကြတဲ့ အသက် ၂၀ အရွယ်ယူရှန်ဂလွန်နဲ့ အသားရောင်းတဲ့ အမျိုးသမီး ဇန်တို့ဟာလည်း ရုပ်ဖြောင့်သူတွေအဖြစ် နာမည်ကြီးကြပါတယ်။

PlanetMyanmar


No comments:

Post a Comment