Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

ဘီဘီစီ သတင်းဌာန ကို ပိတ်ပစ် မည်ဟု ဗြိတိန် ဝန်ကြီးချုပ် ခြိမ်းခြောက်


လန်ဒန် ဇွန် ၂၂

ဗြိတိန် နိုင်ငံတွင် ပြုလုပ် ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဘက်လိုက်သည့် သတင်း ထုတ်ပြန် ချက်များ ပြုလုပ် ခဲ့ခြင်းနှင့် ပတ်သက်၍ ဘီဘီစီ သတင်း ဌာနကို ပိတ်ပစ်မည် ဟုဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ခြိမ်းခြောက် ပြောကြား ခဲ့ကြောင်း အဆိုပါ သတင်း ဌာနမှ နိုင်ငံရေး သတင်း အယ်ဒီတာ နစ်ခ်ရော်ဘင်ဆန် က ဇွန် ၂၁ ရက်တွင် ပြောကြားသည်။

ဘီဘီစီ သတင်း ဌာန၏ ဝန်ထမ်း များအပေါ် ဖိအား ပေးနိုင်ရေး ကြိုးပမ်းမှု တစ်ရပ် အနေဖြင့် သတင်း ဌာနကို ပိတ်ပစ်ရန် ကင်မရွန်းက ခြိမ်းခြောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊အမှန် တကယ် အားဖြင့် ယင်းကဲ့သို  ပြုလုပ် လိုက်ခြင်းသည် ဝန်ထမ်း များအတွက် ဖိအား ပေးမှုတစ်ရပ်ပင် ဖြစ်ကြောင်းနှင့် သတင်း ဌာန၏ ပိုင်ရှင် အမှန်မှာ မည်သူ ဖြစ်ကြောင်း ကို ပြောကြား လိုက်သည့် သတိ ပေးမှု တစ်ရပ် အဖြစ် သတ်မှတ် ထားကြောင်း ရော်ဘင်ဆန် က ထပ်လောင်းပြောကြားသည်။

ဝန်ကြီးချုပ် ကင်မရွန်း၏ ခြိမ်းခြောက် ပြောကြားမှုသည် ဘီဘီစီ သတင်း ဌာန၏ ဝန်ထမ်းများ အကြားတွင် စိုးရိမ် ပူပန်မှုများကို မြင့်တက် စေခဲ့သော်လည်း ဝန်ကြီးချုပ် အနေဖြင့် ၄င်း၏ ခြိမ်းခြောက်မှု အတိုင်း လုပ်ဆောင် သည်အထိ စွန့်စားမည် မဟုတ်ကြောင်း ရော်ဘင်ဆန်က ထပ်လောင်း ပြောကြားသည်။

Pyi Chit Thar

No comments:

Post a Comment