Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 12, 2015

အသံထက်မြန်သော ကားတွင် အမြီးပိုင်း စတင်တပ်ဆင်

အင်္ဂလန် နိုင်ငံတွင် တပ်ဆင် တည်ဆောက်လျက် ရှိသော အသံထက် မြန်သောကား Blood Hound Super-Sonic Car ( SSC ) တွင် အမြီးပိုင်းကို စတင်တပ်ဆင် နေပြီး Blood Hound ပရောဂျက်ကြီး တစ်ခုလုံးတွင် ပါဝင် လုပ်ကိုင်ခဲ့ သူများ၊ ထောက်ခံ အားပေးသူ Fan များနှင့် ငွေကြေး ပံ့ပိုးခဲ့ကြသော Contributor များ အားလုံး၏ အမည်များကို ရေးထိုးဖော်ပြ ထားမည် ဖြစ်ကြောင်း သိရသည်။

" Blood Hound ရဲ့ အမြီးပိုင်းက ကား တစ်စီးလုံးမှာ အထူးခြားဆုံး အစိတ်အပိုင်း ဖြစ်လာမှာပါ။ ပတ်သက်သူတွေ အားလုံးရဲ့ နာမည်တွေကို ထိုးထားပါတယ်။ ဒါပေမဲ့ ဒီအမြီးပိုင်းက လုံခြုံရေး အနည်းဆုံးလဲ ဖြစ်နေတယ်။

ကားတစ်စီးလုံးမှာ လေပွတ်တိုက်အား ဒဏ်ကို ခံနိုင်ရည် အနည်းဆုံး အစိတ်အပိုင်း က ဒီအမြီးပဲ ဖြစ်ပါတယ်'' ဟု အင်ဂျင်နီယာ တစ်ဦးက ပြောပြသည်။

ထို အမြီးပိုင်းသည် Blood Hound ကို တည့်မတ်စွာ ထိန်းထား ပေးမည့် အစိတ်အပိုင်း ဖြစ်ပြီး တစ်နာရီလျှင် မိုင် ၁ဝဝဝ နှုန်းဖြင့် အသံထက် မြန်သော အလျင်ဖြင့် တောင်အာဖရိက သဲကန္တာရ တွင်းရှိ ရေကန်ဟောင်းကြီး တစ်ခုထဲတွင် မောင်းနှင် စမ်းသပ်မည့် Blood Hound ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အစိတ်အပိုင်း ဖြစ်သော်လည်း လေပွတ်တိုက်သည့် ဒဏ်ကို ခံနိုင်ရည် အနည်းဆုံး ဖြစ်နေသည်မှာ ထူးခြားနေကြောင်း သုတေသီ များက ပြောပြသည်။

''ပေါက်မြား တစ်ချောင်းကို မျက်စိထဲ မြင်ကြည့်ပါ။ ရှေ့ပိုင်းငြိမ်ဖို့ မြားထိပ်မှာ အလေးထည့် ရသလို Blood Hound ရဲ့အရှေ့ပိုင်းကိုလဲ အင်ဂျင်ရဲ့ အလေးချိန်နဲ့ ငြိမ်အောင် ထိန်းထားပါတယ်။ အဲဒီမြား တည့်မတ်စွာ သွားဖို့  မြားရဲ့ နောက်က အမွေးဖွား လေးတွေက ထိန်းပေး သလိုပဲ Blood Hound တစ်စီးလုံး တည့်မတ်နေဖို့ ဆိုတာကလဲ အခု တပ်ဆင်လိုက်တဲ့ အမြီးပိုင်းက ထိန်းပေးသွားမှာ ဖြစ်ပါတယ်။ အသံထက် မြန်တဲ့ အလျင်ဖြစ်တဲ့ အတွက် တာယာကုပ်အားကို အားကိုးလို့ ရမှာ မဟုတ်ပါဘူး။ ဒီကားဟာ မြေပြင်ကို ရှပ်ပြေးနေမှာပါ။ ဒီတော့ တာယာကို စတီယာရင်နဲ့ ထိန်းတယ် ဆိုတာထက် ကား ဦးခေါင်းပိုင်းကို အမြီးပိုင်းက ထိန်းတဲ့စနစ်ကို ပိုပြီး အသုံးပြုရမှာပါ'' ဟု ၄င်းကားကို ပထမဆုံး မောင်းနှင် ပြသမည့် ပြိုင်ကားမောင်း ချန်ပီယံ Andy က ပြောပြသည်။

ယခု တပ်ဆင်ထားသော အမြီးပိုင်းကို အလူမီနီယံ ဖြင့် ပြုလုပ်ထားပြီး အရေးကြီးသော အစိတ်အပိုင်း ၁၃၉ မျိုး ပါရှိကြောင်း၊ ဂျက်လေယာဉ် များ၏ အမြီးပိုင်းများ ကဲ့သို့ပင် ဖွဲ့စည်း ထားကြောင်း၊ ထို အမြီးပိုင်း တစ်ခုလုံးကို အမှတ် (၇၁) လေကြောင်း အင်ဂျင်နီယာ တပ်ခွဲက စက်ကိရိယာ မပါသော လက်မှုပညာဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
http://www.pyichitthar.com

No comments:

Post a Comment