Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 3, 2015

ကော်လိုရာဒို ဓမ္မပါလကျောင်း ဒုလ္လဘရဟန်းခံ ရှင်ပြုပွဲ ကျင်းပမည်



 ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းတွင် စုပေါင်း ရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲနှင့် ဝိပဿနာ တရားစခန်းပွဲကို ဇွန်လ ၁၃ ရက်၊ စနေနေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ နောက်တစ်နေ့ဖြစ်သော တနင်္ဂနွေနေ့တွင် ဒုလ္လဘရဟန်းများ သိမ်တက်ကြမည် ဖြစ်၏။ ယခုနှစ် စုပေါင်း ရှင်ပြုရဟန်းခံပွဲတွင် လောက၌ ရခဲသော ဒုလ္လဘ တရား ငါးပါးနှင့်အညီ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်ဝတ်မည့်သူများ၏ မိဘအုပ်ထိန်းသူများသည် ပွဲတော်ဝေယျာဝစ္စနှင့် ဆောင်ရွက်ဖွယ်များကို ဝိုင်းဝန်းအကြံပြုလုပ်ဆောင်နိုင်ရန် ဇွန်လ ၇ ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ် ၁၂း၃၀ နာရီတွင် ဓမ္မပါလကျောင်း၌ ကျင်းပမည့် အစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ အလှူတော်မင်္ဂလာ အစီအစဉ်အရ၊ စနေနေ့ညနေ ၃ နာရီတွင် မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရှင်လောင်းလှည့်၍ ညနေ ၅ နာရီတွင် ကိုရင်နှင့် သီလရှင် ဝတ်ကြမည်ဟု သိရသည်။ ဇွန်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ နံနက် ၈း၃၀ နာရီတွင် ဒုလ္လဘရဟန်းများ သိမ်တက်ကြပါမည်။ နံနက် ၁၀း၃၀ နာရီတွင် သိမ်ဆင်း သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရန် စီစဉ်ထားသည်။ နံနက် ၁၁ နာရီတွင် မြတ်စွာဘုရား အမှူးထား၍ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ပြီးနောက် ကြွရောက်လာသော ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ကြောင်း သိရှိရသည်။ နေ့လယ် ၁ နာရီတွင် အနုမောဒနာ တရားပွဲကျင်းပ ရေစက်ချကာ အမျှပေးဝေကြမည် ဖြစ်၏။ ဓမ္မပါလကျောင်း စုပေါင်းရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲနှင့် ဝိပဿနာ တရားစခန်းပွဲ အစီအစဉ်အသေးစိတ်ကို ဤနေရာတွင် ရယူနိုင်ပါသည်။ ပွဲတော်အစီအစဉ် စုပေါင်းရှင်ပြု၊ ဒုလ္လဘ ရဟန်းခံ အလှူတော်မင်္ဂလာတွင် ပါဝင်ကုသိုလ်ယူလိုသူများသည် ရဟန်းလောင်း တစ်ပါးအတွက် ဒေါ်လာ ၂၅၀၊ ကိုရင်လောင်း သို့မဟုတ် မယ်သီလရင်လောင်း တစ်ပါးအတွက် ဒေါ်လာ ၁၅၀ အသီးသီး လှူဒါန်းနိုင်ကြပါသည်။ ထို့ပြင်၊ သံဃာတော်များအတွက် ဆွမ်းအလှူ၊ နဝကမ္မအလှူ ပြုခြင်း၊ ဧည့်ပရိသတ်များအတွက် အာဟာရဒါန စားသောက်ဖွယ်များ လှူဒါန်းခြင်းတို့ဖြင့်လည်း နည်းများမဆို ကုသိုလ်ပါဝင်နိုင်ကြောင်း သိရှိရပါသည်။ ဓမ္မပါလကျောင်း 3096 Wheeling St Aurora. CO 80011
Tel : 303-343-3691
 ဆက်သွယ်ရန်- ဦးခင်မောင်သန်း (720-532-7083)
ဦးမျိုး (Greeley) (970-388-5954)
 ဒေါ်ဋ္ဌေး (303-667-7954)
ကိုရန်နိုင်စိုး (303-598-2690)
 ဦးလှိုင်မိုးသန်း (720-481-6263)

http://kabarthit.com/index.php?option=com_content&view=article&id=669:2015-06-03-00-27-24&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment