CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 6, 2015
ဘီလီယံနာ သူဌေးကြီး စည်းစိမ်တွေကို စွန့်လွှတ်ကာ သာသနာ အရိပ်ကို ခိုလှုံ
ဘယ်လောက် ချမ်းသာသူဖြစ်နေ ပါစေ သာသနာ့အရိပ်ပာာ အကောင်းဆုံး ဖြစ်တယ်ဆိုတာ အိန်္ဒိယ ဘီလီယံနာ သူဌေးကြီး တစ်ဦးက ပြသသွားခဲ့ပါတယ်။ အေးချမ်းတဲ့ နေရာ အစစ်အမှန်ဆိုတာ သာသနာထဲ မှာပဲရှိတာကို လက်ခံ ယုံကြည်တဲ့ သူဌေးကြီး ဒိုရှီပာာ အရာအားလုံးကို စွန့်လွှတ်ပြီး ရပာန်းအဖြစ်ခံယူခဲ့တာဖြစ်ပါတယ်။ ဒိုရှီပာာ အိန်္ဒိယမှာ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ပြီး ဘီလီယံနဲ့ချီ ချမ်းသာသူ ဖြစ်ကာ ပလတ်စတစ် စက်ရုံတွေ တည်ထောင် ထားသူ ဖြစ်ပါတယ်။ ဒိုရှီဟာ ယခင် ကတည်းက သာသနာ့ အရိပ်ကို ခိုလှုံချင် ပေမယ့် နောက်ကြောင်း မအေး တာကြောင့် ဆုံးဖြတ်ချက် မချမှတ်နိုင်ပါဘူး။ ဒါပေမဲ့ ဒိုရှီဟာ အရာအားလုံးကို စွန့်လွှတ်နိုင်ပြီလို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သူ့ကို ဘယ်သူမှ တားဆီး နိုင်ခြင်း မရှိတော့ပါဘူး။ ဒိုရှီ ဟာ တရားပြ ဆရာ တစ်ဦးထံမှာ လေ့လာ သင်ယူမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ အဲဒီဆရာဟာ ဒိုရှီကို သာသနာ အရိပ်ထဲဝင် လာအောင် ပြုလုပ်နိုင်ခဲ့ ပါတယ်။ ဒိုရှီပာာ ပြီးခဲ့တဲ့နှစ်တွေ ထဲက တရားဓမ္မ လိုက်စားမှု ပြုလုပ်ခဲ့ပါတယ်။
ဒိုရှီပာာ ရဟန်းခံပွဲကို ကြီးကျယ်စွာ ပြုလုပ်ခဲ့ပါတယ်။ အလှူပြုလုပ်တဲ့ နေရာကို ၀ါးလုံးချောင်းရေ (၂၀၀၀၀) အသုံးပြု တည်ဆောက်ခဲ့ပါတယ်။ အလုပ်သမား (၃၀၀၀)၊ လုံခြုံရေး (၂၀၀)တို့ကို အသုံး ပြုကာ စည်ကားအောင် ဆောင်ရွက်ခဲ့ပါ တယ်။ အလှူပွဲကို လာရောက်သူဟာ (၁၅၀၀၀၀)ခန့် ရှိပြီး အကြီးကျယ်ဆုံး ပြုလုပ်ခဲ့တာကြောင့် မြို့လုံးကျွတ် လာ ရောက်ခဲ့ပါတယ်။ ဆင်၊ မြင်းတွေ ခြံရံပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒိုရှီဟာ အလှူပွဲ မှာ ရိုးစင်းစွာ ၀တ်ဆင်ပြီး ရဟန်းခံ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒိုရှီရဲ့သားဖြစ်သူက ဖခင်ဟာ အရင်ကတည်းက သာသနာ့ အရိပ်မှာ ခိုလှုံဖို့ စဉ်းစား ထားသူ ဖြစ်ကြောင်း၊ မိသားစုကြောင့် အချိန်ယူခဲ့ ရကြောင်း၊ မိမိတို့ အနေဖြင့် ယခုလုပ်ရပ် အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ ပါတယ်။ ဒိုရှီဟာ ငွေကြေး ချေးငှားပြီး စီးပွားရေး လောကထဲ ရောက်လာပြီး ချမ်းသာသွားဖြစ်ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=37413
ဘီလီယံနာ သူဌေးကြီး စည်းစိမ်တွေကို စွန့်လွှတ်ကာ သာသနာ အရိပ်ကို ခိုလှုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment