Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

ကိုလံ ဘီယာ နိုင်ငံ အနောက် ပိုင်းတွင် လေယာဉ် တစ်စင်း ပျက်ကျ လေယာဉ် ပေါ်တွင် လိုက် ပါလာသည့် မိခင်နှင့် ကလေး ငယ် အသက်ရှင်ခဲ့





လန်ဒန် ဇွန် ၂၅

ကိုလံ ဘီယာ နိုင်ငံ အနောက်ပိုင်း ရှိ အပူပိုင်း ဒေသ အတွင်းသို့  လေယာဉ် တစ်စင်း ပျက်ကျ ခဲ့ရာ ယင်း လေယာဉ် ပေါ်တွင် လိုက်ပါ လာသည့် အမျိုးသမီး တစ်ဦးနှင့် ကလေး ငယ် တစ်ဦးကို ငါးရက် ကြာပြီးနောက် အသက်ရှင် လျက် ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့ ကြောင်း ဗြိတိန် သတင်း ဌာန ကြီး တစ်ခုက  ဇွန် ၂၅ ရက် တွင် ထုတ်ပြန် ထားသည်။ အသက် ၁၈ နှစ် အရွယ်ရှိ  မာရီ ယာ နယ်လီ မူရီလို အမည်ရှိအဆိုပါ အမျိုးသမီး နှင့် ၄င်း၏ တစ်နှစ် အရွယ် သားငယ် ဖြစ်သူ တို့ကို ကယ်ဆယ် ရေးအဖွဲ့က  ချိုကို ပြည်နယ် အတွင်း ပျက်ကျ ခဲ့သော Cessna အမျိုး အစား လေယာဉ် ငယ် အနီး၌ ပြန်လည် ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ မိခင် ဖြစ်သူ မှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ သော်လည်း ကလေး ငယ်မှာမူ ကျန်းမာရေး ကောင်းမွန် သည့် အခြေ အနေ တွင်ရှိနေ ခဲ့ကြောင်း ထုတ်ပြန် ချက်များ အရ သိရသည်။လေယာဉ် ပျက်ကျ ခဲ့သော် လည်း  မိခင်နှင့် ကလေး ငယ်မှာ အသက်ရှင် ကျန်ရစ် ခဲ့ခြင်းသည်  အံ့ဖွယ် တစ်ရပ် ပင် ဖြစ်ကြောင်း ကိုလံ ဘီယာ လေတပ် စခန်းမှ အကြီး အကဲ ဖြစ်သူ တစ်ဦးက ပြောကြား ခဲ့သည်။အင်ဂျင် နှစ်လုံး တပ် အဆိုပါ လေယာဉ်သည် ချိုကို ပြည်နယ် ကွစ်ဒိုမြို့မှ ပစိဖိတ် ကမ်းရိုး တန်းရှိ  နျူကွီမြို့ သို့ ပျံသန်း လာစဉ် ဇွန်၂ဝ ရက်က အော်တို ဗျူဒို ဒေသ အတွင်းသို့ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်းဖြစ်ရပ် နှင့် စပ်လျဉ်း၍  အာဏာပိုင် များက  စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ လေယာဉ် ပေါ်၌ လိုက်ပါ လာသူ အရေ အတွက်ကို  အာဏာပိုင် များက အတိ အကျ ဖော်ပြ ထားခြင်း မရှိပေ။

#Pyi Chit Thar

No comments:

Post a Comment