Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 11, 2015

မိုဘိုင်းဖုန်းတွေ ခွဲပစ်ပြီး ပိုက်ဆံရှာကြမလား

တန်ဖိုးကြီးပေးဝယ်ထားရတဲ့ မိုဘိုင်းဖုန်းကို မတော်တဆမှုကြောင့် ချွတ်ယွင်းပျက်စီးသွားမှာကို လူတိုင်း စိုးရိမ်ကြတာ မဆန်းပါဘူး။ တကယ်လို့ ဖုန်းက လွတ်ကျပြီး မှန်အက်သွားတာ၊ စက် ခဏခဏဟန်းတာတွေမျိုးတွေ ဖြစ်လာမယ်ဆိုရင်တောင် ဖုန်းသစ် မ၀ယ်နိုင်သေးခင်အထိ သည်းခံပြီး ကိုင်ရမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယူကေအခြေစိုက်တဲ့ ဆဲလ်ဖုန်းတွေကို နှိုင်းယှဉ်သုံးသပ်နေတဲ့ ၀က်ဆိုက်တစ်ခုကတော့ ဖုန်းတွေကို ဖျက်စီးပစ်ရမယ့် စမ်းသပ်မှုအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေတာ ထူးခြားချက် ဖြစ်ပါတယ်။ ဒီဝက်ဆိုက်ရဲ့အဆိုအရ မိုဘိုင်းဖုန်းတွေကို တစ်နှစ်အတွင်း ခြောက်လုံးကနေ ဆယ်လုံးအထိ ခွဲပစ်နိုင်ခဲ့မယ် ဆိုရင် တစ်နှစ်လစာ ၃၆၅,၀၀ ပေါင်အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်ကို စိတ်ဝင်စားသူဟာ မိုဘိုင်းဖုန်းတွေရဲ့နည်းပညာကို စိတ်ဝင်စားဖို့ လိုအပ်ပြီး ဖုန်းတွေကို ဖျက်ဆီးဖူးတဲ့ အတွေ့အကြုံလည်း ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို အရေး၊အဖတ် ကျွမ်းကျင်ဖို့ လိုအပ်သလို ကွန်ပျူတာနဲ့လည်း ရင်းနှီးသူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဲဒီဖုန်း နှိုင်းယှဉ်သုံးသပ်တဲ့ ၀က်ဆိုက်က သူတို့ဖောက်သည်တွေဟာ ဖုန်းထဲမှာ RAM ဘယ်လောက်ပါသလဲဆိုတာထက် ဒီဖုန်းဟာ ပျက်စီးဖို့ ဘယ်လောက်လွယ်ကူသလဲဆိုတာကိုပဲ စိတ်ဝင်စားကြတယ်လို့ ဆိုထားပါတယ်။ ဖုန်းတွေကို တောင်တက်ရင်း၊ ညဘက်အပြင်ထွက်ရင်း ခွဲပစ်နိုင်သလို ရေချိုးကန်ထဲ ပစ်ချလိုက်တာမျိုး၊ အရက်သောက်နေတုန်း ပေါက်ခွဲလုပ်တာမျိုးလည်း လုပ်နိုင်တယ်လို့ အဲဒီဝက်ဆိုက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

ဒါပေမယ့် ကလေးဥပဒေကြောင့် အသက်တစ်နှစ်ကနေ သုံးနှစ်အတွင်း ကလေးငယ်တွေကိုတော့ ဖုန်းတွေ ပေါက်ခွဲတဲ့ အလုပ်လုပ်ခွင့် မပေးဘူးလို့ ဆိုပါတယ်။ ဒီလို ဖုန်းပေါက်ခွဲတဲ့အလုပ်ကို လက်ခံလိုက်သူတွေအနေနဲ့ ဖုန်းတွေ ပေါက်ခွဲရတာ ဘယ်လောက် အရသာရှိသလဲ ဆိုတာနဲ့ ဘယ်လိုခံစားရတယ်ဆိုတာတွေကို မှတ်တမ်းပြန်ရေးတဲ့ပုံစံမျိုး အဲဒီဝက်ဆိုက်တာဝန်ရှိသူတွေဆီ ပြန်လည်တင်ပြရမယ်လို့လည်း သိရပါတယ်။
Ref - Siliconrepublic
planet

No comments:

Post a Comment