CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 4, 2015
စားကြွင်း စားကျန်ဆီများကို ရေမြောင်းထဲသို့ တိုက်ရိုက် စွန့်ပစ်သည့် မန်းရှိ စားသောက်ဆိုင်များအား အရေးယူ
စားသောက်ဆိုင်များမှ စားကြွင်း စားကျန် ဆီများကို ဆီစစ်ကန် မပြုလုပ်ဘဲ ရေမြောင်းထဲသို့ တိုက်ရိုက် စွန့်ပစ်သည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း (၃၂) ဆိုင်ကို ယခုလအတွင်း ဒဏ်ငွေတပ် အရေး ယူထားကြောင်း မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် တစ်ဦးက ပြောသည်။
““လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေရဲ့ ရှေ့ကမြောင်းကို သွားကြည့်လိုက်၊ အဆီခဲကြီးတွေ တွေ့ရတယ်။ အခဲလိုက်ကြီး။ တချို့ နေရာတွေဆိုရင် Backhoe (မြေတူးစက်) နဲ့ ဆွဲထုတ်ရတယ်။ ဆီတွေက မြောင်းထဲကိုရောက်၊ မြောင်းထဲမှာ နှစ်တွေ လတွေ ကြာတဲ့အခါ ပိတ်ဆို့မှု ဖြစ်လာပြီး မြောင်းတွေပိတ်၊ ကြာလာတော့ အဆိပ်အတောက် ပုပ်သိုး အနံ့အသက်တွေ ဖြစ်လာတယ်။
ဆီ စစ်ကန် မလုပ်တဲ့ ဆိုင်တွေကို အရေးယူထားတယ်။ မလုပ်တဲ့ ဆိုင်အများကြီးပဲ။ အစားအသောက် ကိုတော့ စိတ်ဝင်စားပြီး ပတ်ဝန်းကျင်ကို ထည့်မတွက်ဘူး။ ဒါသဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခပေးမယ်”” ဟု စည်ပင်သာယာရေး ကော်မတီဝင် (၅) ဒေါက်တာ သွင်ကျော်ကျော်က ပြောသည်။
စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ဆီစစ်ကန်အား မိမိအိမ်ဝင်းထဲမှ ရေမြောင်းသို့ ဆက်သွယ်မည့် နေရာတွင် ဆီစစ်ကန် ပြုလုပ် ထားရမည် ဖြစ်ပြီး ယင်းသို့ ပြုလုပ်ထားခြင်း မရှိသည့် စားသောက်ဆိုင်များအား စစ်ဆေးပြီး ပထမအဆင့် အနေဖြင့် ဒဏ်ငွေကျပ် ငါးသောင်းဒဏ်တပ် အရေးယူခဲ့သည်။
သီတင်းနှစ်ပတ် အတွင်း ဆီစစ်ကန် ဆောင်ရွက်ရမည် ဖြစ်ပြီး မဆောင်ရွက်ပါက ဆိုင်လိုင်စင် ပိတ်သိမ်းသည့် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီဝင် (၅) ဒေါက်တာ သွင်ကျော်ကျော်က ပြောသည်။
““ဒဏ်ရိုက်ထားတဲ့ ဆိုင်တွေလည်း ပြန်စစ်မယ်။ နောက်ထပ် ကျန်ရှိတဲ့ ဆိုင်တွေကိုလည်း ဆက်တိုက် စစ်ဆေးသွားမယ်”” ဟု ဒေါက်တာ သွင်ကျော်ကျော်က ပြောသည်။
စားကြွင်း စားကျန် ဆီများကို မြောင်းထဲသို့ တိုက်ရိုက် စွန့်ပစ်မှုကြောင့် ရေ မြောင်းများထဲတွင် အဆီခဲများ ပိတ်ပြီး အနံ့အသက်များ ဆိုးရွားကာ မိုးရွာသည့်အခါ ရေလျှံခြင်းများ ဖြစ်ပွားလျှက် ရှိသည်။
http://www.messengernewsjournal.com/
စားကြွင်း စားကျန်ဆီများကို ရေမြောင်းထဲသို့ တိုက်ရိုက် စွန့်ပစ်သည့် မန်းရှိ စားသောက်ဆိုင်များအား အရေးယူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment