Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

အသားငါးအစိမ်းတွေမှာ ပါနေတဲ့ အဆိပ်


ထိုင်းနိုင်ငံ မဟာဆာလခန် မြို့  က ဘူးဖေး စားသောက်ဆိုင်တဆိုင်မှာ အဆိပ်ဓါတ်များ ပါဝင်နေတဲ့ toxic puffer fish ငါးတမျိုးအား အစိမ်းလိုက် အချဉ်ရည်နဲ့ တို့ ပြီး စားသောက်မိခဲ့သူ မိခင်နှင့်သား နှစ်ဦး စလုံးဟာ ညတွင်းချင်း အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။

ခုချိန်ထိအောင် နျစ်ဦးစလုံးသတိ ပြန်လည်ရမလာေ သးဘဲ ဦးနှောက်က အလုပ်မလုပ်တော့တဲ့ coma ဖြစ်ပြီး အရေးပေါ်ကုသဆောင်မှာ ဆရာဝန်တွေက အသက်လုနေရကြောင့် ထိုင်းသတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

ခေတ်စားနေတဲ့ အသားငါးများအား ချဉ်ရေနဲ့  အစိမ်းလိုက် တို့ စားတဲ့ ဆူရှီ ဂျပန် စားသောက်ဆိုင်တွေမှာ ခုလို ပူလိုက်တဲ့ရာသီမျိုးမှာ ဆိုရင် အဆိပ်တောက် ဖြစ်သွားသူတွေ မကြာခဏ တွေ့ ရပါတယ်။

ပြီးခဲ့တဲ့လကဘဲ တရုတ်နိုင်ငံသားတဦးကတော့ ဗိုက်အရမ်းအောင့်လာလို့  သူတကိုယ်လုံးကို ဓါတ်မှန်ရိုက်ကြည့်လိုက်မှ အစာအိမ် မှာ ဘက်တီးရီးယာ ပိုးတွေေ ထာင်ပေါင်းများစွာ ကပ်တွယ်နေတာကိုတွေ့ ရပါတယ်။

လူနာဟာ ဆူရှီ အလွန်ကြိုက်တဲ့ သူဖြစ် ပြီး အမဲသားထဲမှာ ပါနေတဲ့ ပိုးတမျိုး ကနေ သူဝမ်းတွင်းမှာ လောက်တွေလို အိမ်ဖွဲပြီး အကောင်တွေပေါက်နေ ခဲ့တာဖြစ်ပါတယ်။

Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
........................................................................................................
Saw Aung Kyaw Soe admin ရေဆိုင်မှာစားတာမဟုတ်ဘူးစားစရာမရှိလို့စားမိတာပါစားတဲ့သားအမိကလည်းမရှိဆင်းရဲသားတွေပါအဲ့ဒီငါးပူတင်းကြောင့်သေးဆုံးတဲ့လူနှစ်ယောက်ရှိပြီးလို့ရေးထားတယ်ထိုင်းသတင်း khaosod မှာရေးသားထားပါတယ်အထင်းမှားကုန်မှာစိုးရိမ်လို့ပါ အမြဲတမ်းအားပေးနေလျက်ပါ

No comments:

Post a Comment