Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 5, 2015

လှေစီးဒုက္ခသည် ၇၀၀ ကျေုာ်တွင် ဘင်္ဂလားဒေ့ရှ်မှ ၅၄၆ ဦး၊ မြန်မာမှ ၁၈၇ ဦး ပါဝင်ဟု ထုတ်ပြန်

 By ထွန်းခိုင်
 လှေစီးဒုက္ခသည် ၇၃၃ ဦးအနက် ၅၄၆ ဦးသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၁၈၇ ဦးသည် မြန်မာနိုင်ငံမှ ဘင်္ဂါ လီများဖြစ်ကြောင်း မြန်မာအစိုးရ သတင်းဌာနများက ဇွန်လ ၄ ရက် တွင် ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ကို နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရန် သံတမန် နည်း လမ်းအရ ဆောင်ရွက်နေကြောင်း မြန်မာအစိုးရသတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင်ဘက် မြန်မာနိုင်ငံပိုင်နက် ရေပြင်တွင်မေလကုန်က တွေ့ရှိခဲ့သည့် ငါးဖမ်းလှေအတွင်းလိုက်ပါလာသော ဘင်္ဂါလီ ၇၀၀ ကျော်ကို ဇွန်လ ၄ ရက်၌ စိစစ်ခြင်း လုပ်ငန်းများ ပြုလုပ်၍ အစိုးရက ထုတ်ပြန်ခြင်း ဖြစ်သည်။

7daydaily

No comments:

Post a Comment