ဆန်ဒီယေဂို ၊ ၂-၆-၂၀၁၅
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂို မြို့တွင် မေ ၃၁ ရက်က ကျင်းပ ပြုလုပ်ခဲ့သော ၂၆ မိုင် မာရသွန် အပြေးပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် ခဲ့သည့် အသက် ၉၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ အသက် အကြီးဆုံး မာရသွန် ပြိုင်ပွဲဝင် အမျိုးသမီးကြီး အဖြစ် စံချိန်တင် နိုင်ခဲ့ကြောင်း သိရသည်။
ဟားရီးယက် သွမ်မဆင် အမည်ရှိ ယင်း အမျိုးသမီးသည် ကင်ဆာ သုတေသန လုပ်ငန်းအတွက် ရံပုံငွေ ရှာဖွေသည့် အဆိုပါ မာရသွန် အပြေး ပြိုင်ပွဲတွင် ၇ နာရီ ၂၄ မိနစ် ၃၆ စက္ကန့်ဖြင့် ပန်းဝင် နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲ တစ်လျှောက်တွင် ပါဝင် ပြေးနေစဉ် တစ်ခါတစ်ရံ၌ အလွန် ပင်ပန်းခဲ့ကြောင်း သွမ်မဆင် က ဒေသတွင်း သတင်းစာ တစ်စောင် ဖြစ်သော Charlotte Observer တွင် ပြိုင်ပွဲပြီးဆုံးပြီး နောက် ပြောကြား ခဲ့သည်။
အမေရိကန် ပြည်ထောင်စု တွင် ယခင်က ကမ္ဘာ့ အသက် အကြီးဆုံး မာရသွန် ပြိုင်ပွဲဝင် အမျိုးသမီး အဖြစ် ဂလေဒီ ဘားရေး က ၂ဝ၁ဝ ပြည့်နှစ်တွင် ဟိုနိုလူလူ၌ ကျင်းပသည့် မာရသွန် အပြေး ပြိုင်ပွဲ၌ စံချိန်တင်ထား နိုင်ခဲ့သည်။ သို့ရာတွင် ဘားရေး သည် ယင်းအချိန်က ၄င်း၏ အသက်မှာ ၉၂ နှစ် ၁၉ ရက်သာ ရှိသေး သောကြောင့် ယခုစံချိန်တင် ခဲ့သည့် သွမ်မဆင် ထက် ၄၆ ရက်ငယ်သည်ဟု သိရသည်။
သွမ်မဆင်သည် ပြီးခဲ့သည့်နှစ် ကလည်း မာရသွန် အပြေးပြိုင်ပွဲ တွင် ပါဝင်ခဲ့ပြီး ၇ နာရီ ၇ မိနစ်နှင့် ၄၂ စက္ကန့်တွင် ပန်းဝင် ခဲ့ကြောင်းပြိုင်ပွဲ စီစဉ်သူများက ပြောကြား ခဲ့သည်။
#PyiChitThar
No comments:
Post a Comment