Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

ရှီအန်းမြို့ရှိ မီးရထားဘူတာရုံတစ်ခုတွင် ခရီးသွားပြည်သူများအား တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်


ပေကျင်း ၊ ၁၈-၆-၂၀၁၅

တရုတ်နိုင်ငံ မြောက်ပိုင်း ရှီအန်းမြို့ရှိ မီးရထား ဘူတာရုံ တစ်ခု၌ ယမန်နေ့တွင် ခရီးသွားပြည်သူ များအား တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် ယူဂါ မျိုးနွယ်စုဝင် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ် ခဲ့ရကြောင်း သိရသည်။

ယူဂါမျိုးနွယ်စုဝင် အဆိုပါ အမျိုးသားသည် နံနက် ၆ နာရီခန့်က မီးရထား ဘူတာရုံ၌ လက်မှတ်ဝယ်ယူ နေကြသည့် ခရီးသွား ပြည်သူများကို အုတ်ခဲဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးက ၄င်းကို မပစ်ခတ်မီ အကြိမ်ကြိမ် သတိပေး ခဲ့သော်လည်း ရပ်တန့်ခြင်း မရှိသောကြောင့် နောက်ဆုံးတွင် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း မီးရထား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်း အမျိုးသားသည် ပစ်ခတ်ခံ ရမှုကြောင့် နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံး သွားခဲ့ကြောင်း၊ ထို့နောက် ဘူတာရုံကိုလည်း အာဏာပိုင်များက ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ ယူဂါမျိုးနွယ်စု ဝင်များနှင့် ဟန်တရုတ် မျိုးနွယ်များအကြား တင်းမာမှုများ မြင့်တက်လျက် ရှိပြီး ၄င်းတို့အကြား မကြာသေးမီ နှစ်များ အတွင်းက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ရာပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်နှစ် အတွင်းကလည်း ဓားများကို ကိုင်ဆောင် ထားသည့် ယူဂါ မျိုးနွယ်စုဝင် များက နိုင်ငံ အနောက် တောင်ပိုင်း ကူမင်းမြို့ရှိ ဘူတာရုံ တစ်ခုသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦးသေဆုံး ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment