Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 10, 2015

မိတ်ကပ်ပညာနဲ့ မျက်နှာနှစ်ခုဖန်တီးပြခဲ့တဲ့ မိန်းကလေး

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ မိတ်ကပ်ပညာရှင်ကောင်မလေး နစ်ကီဟာ ယူကျူ့မှာ သူမရဲ့ မိတ်ကပ်ပညာနဲ့
မျက်နှာကို ကွဲပြားခြားနားတဲ့ ပုံစံနှစ်မျိုးဖြစ်အောင် ဖန်တီးပြခဲ့ရာမှာ ကြည့်ရှုသူ အမြောက်အမြား ရှိခဲ့ပါတယ်။

သူမရဲ့မျက်နှာတစ်ခြမ်းကို မိတ်ကပ်လိမ်းခြယ်ပြီး ကျန်တဲ့တစ်ခြမ်းကိုတော့ မိတ်ကပ်မလိမ်းဘဲ နဂိုအတိုင်းထား ခဲ့ရာမှာ မိတ်ကပ်လိမ်းထားတဲ့မျက်နှာက မိတ်ကပ်မပါတဲ့ မျက်နှာနဲ့ လုံးဝမတူတာမို့
မျက်နှာနှစ်ခုနဲ့ မိန်းကလေး တစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။ “ မိန်းကလေးအများစုက မိတ်ကပ်လိမ်းရတာကို ကြိုက်တယ်လို့ ပြောရမှာ ရှက်နေတတ်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့
မိတ်ကပ်လိမ်းရတာကို ကြိုက်တယ်လို့ ပြောတာဟာ ကိုယ့်ကို ကောင်လေးတွေကြည့်လာရင် ကြည့်ကောင်းစေချင်လို့ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်ကိုယ် လုံခြုံမှု မရှိဘူးလို့
ခံစားရတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မကတော့ မျက်နှာတစ်ခြမ်းကို မိတ်ကပ်နဲ့ ပုံစံ ပြောင်းရတာကို သဘောကျပါတယ်။ ဘာမှ မလိမ်းထားတာက တကယ့်ကျွန်မပဲ ဖြစ်ပါတယ်။
မိန်းကလေးတွေ အတွက် လှချင်တယ်ဆိုတာ အပြစ်မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။ ထပ်ပြောရရင် ဖိုတိုရှော့မပါတဲ့ ကျွန်မ ကိုယ်ကျွန်မ ဖိုတိုရှော့လုပ်တာမျိုး ဖြစ်ပါတယ်။ ဒါက ကျွန်မကို
ပျော်ရွှင်စေပါတယ်” လို့ နစ်ကီက ဆိုပါတယ်။ 

နစ်ကီရဲ့အလှဖန်တီးတဲ့ ဗီဒီယိုဖိုင်တွေကို ယူကျု့မှာ Nikkie Tutortials ဆိုပြီး ရှာဖွေပြီး ကြည့်ရှုနိုင်ပါတယ်။

Ref - Dailymail
http://www.planet.com.mm/detail/27956/World

No comments:

Post a Comment