Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 12, 2015

အစိုးရမင်းများကြားသိဖို့ ။ ပြည်သူ ကြားက ပြည်သူ့ စကား။


အစိုးရမင်းများကြားသိဖို့ ။ ပြည်သူ ကြားက ပြည်သူ့ စကား။...
Posted by The Melting Pot 4 U on Friday, 12 June 2015
အစိုးရကောင်းတယ် ..
ပြည်သူမကောင်းဘူး ...။
ညနေပန်းရံတွေ အလုပ်သိမ်းတော့ ခေါင်းဆောင်ဖြစ်သူ နေ့စားခတွေရှင်းဖို့ စာရင်းနဲ့ လာတောင်းတယ်။ အလုပ်သမားတစ်ယောက်ရဲ့ မိန်းမထင်ပါရဲ့ လိုက်လာတယ်။ နေ့စားခ သုံးရက်စာလောက် ပိုထုတ်ချင်လို့တဲ့။ မရရင်လည်း နှစ်ရက်စာလောက် ထုတ်ပေးပါတဲ့။ နင့်ယောက်ျားက ဘယ်လောက်ရတာတုံး ဆိုတော့ သုံးထောင့်ငါးရာတဲ့။ ဘာဝယ်မှာလဲဆိုတော့ ဆန်ကွဲလေး ဝယ်ထားချင်လို့တဲ့။ ဩော် ဝက်မွေးထားတာလား ဆိုတော့ မဟုတ်ပါဘူး ဆရာရယ် အိမ်စားဖို့ပါ ဆိုပြီး ရှက်ရွံ့ရွံ့နဲ့ ပြောလေရဲ့။
ဆန်ဈေးတွေက ကြီး၊ စားအိုးကလည်း ကြီး ဆိုတော့ ဆန်ကွဲကိုပဲ ပဲခြမ်းလေး တစ်ရာဖိုးနဲ့ ရောကျိုပြီး စားတာက သက်သာတယ်တဲ့။ ဒါတောင် ဆန်ဈေးတက်လာတော့ ဆန်ကွဲဈေးပါ တက်လာတယ်။ ကြက်ဥလေးနှစ်လုံးကို ကြော်ဖို့ဆီလည်း အကုန်မခံနိုင်တာကြောင့် ဆန်ကွဲကျိုတဲ့ထဲ ထည့်ပြုတ် .. ကျက်ပြီဆိုမှ ကြက်ဥအခွံခွာ .. ရှစ်စိတ်စိတ် ဆားလေးဖြူးပြီး မျှစားရတာပေါ့ ဆရာရယ်။
ဒါနဲ့ အိမ်မှာရှိတဲ့ ဆန်တစ်ပြည်လောက် ထုပ်ပေးလိုက်ပြီး ငွေတစ်သောင်း ပေးလိုက်တယ်။ ခြံထဲက ပြန်အထွက် ခိုစာ ငှက်စာ ကျွေးဖို့ မြေပေါ်ကြဲထားတဲ့ ဆန်စေ့လေးတွေ ကြည့်ပြီး တံတွေးမျိုချလိုက်တာကို မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ နောက်နေ့ ခိုစာကို ဆန်ကွဲပဲ ပြောင်းကျွေးရတော့မယ် ထင်ပါရဲ့။
ဒါပါပဲဗျာ ..
အစိုးရကောင်းနေရဲ့သားနဲ့ ပြည်သူတွေ မကောင်းဘူး ဖြစ်နေတာ။
Aung Myint Tha

No comments:

Post a Comment