ပေကျင်း ၊ ၂-၆-၂၀၁၅
တရုတ်နိုင်ငံသည် ကျည်စစ် ကျည်မှန် အသုံးပြု စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် (မြန်မာနိုင်ငံ နယ်စပ်) ၌ ဇွန် ၂ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိ သူများက ဇွန် ၁ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ကြည်းတပ်နှင့် လေတပ်တို့ ပါဝင်သည့် လေ့ကျင့်ခန်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ချန်ဒူး စစ်ဒေသ ပြောရေးဆိုခွင့် ရှိသူ ကျောင်ပီကောင်း က ပြောကြား ခဲ့သည်။
ထို့ပြင် စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ရာ ဝေဟင်တွင် လေယာဉ်များ မပျံသန်းရန်၊ ကျန်မာနှင့် ဇန်ခန်း စီရင်စုများ အတွင်းသို့ ယာဉ်များ ဝင်ရောက်ခြင်း မပြုရန်နှင့် သတ်မှတ်ထားသည့် နယ်နိမိတ် အတွင်းသို့ ဒေသခံ ပြည်သူများ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ခြင်း မပြုရန် တားမြစ် ထားကြောင်း သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ခြင်း နှင့် ပတ်သက်၍ အိမ်နီးချင်း နိုင်ငံသို့ အသိပေး ပြောကြားထားပြီး ဖြစ်ကြောင်းနှင့် စစ်ရေး လေ့ကျင့်ခန်း ပြီးဆုံးမည့် ရက်ကို နောက်ပိုင်းတွင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် က ပြောကြားခဲ့သည်။
#PyiChitThar
No comments:
Post a Comment