Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

လော့စ်အိန်ဂျယ်လိစ် အနိမ့်ဆုံးလုပ်ခ တစ်နာရီ ၁၅ ဒေါ်လာသို့ တိုးမည်


အနိမ့်ဆုံးလုပ်အားခကို ၅ နှစ်အတွင်း တစ်နာရီလျှင် ၁၅ ဒေါ်လာသို့ တိုးပေးမည့် ဥပဒေကို လော့စ်အိန်ဂျယ်လိစ် မြို့ဝန် အဲရစ် ဂါဆက်တီက ဇွန်လ ၁၃ ရက်၊ စနေနေ့တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် ဒုတိယအကြီးဆုံး လော့စ်အိန်ဂျယ်လိစ် မြို့တော်သမိုင်းတွင် အကြီးမားဆုံး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ် ဖြစ်ကြောင်း မြို့ဝန် ဂါဆက်တီက အင်္ဂလိပ်၊ စပန်းနစ်ရှ် နှစ်ဘာသာဖြင့် ပြောဆို ကြေညာခဲ့သည်။
လော့စ်အိန်ဂျယ်လိစ်တွင် အနိမ့်ဆုံးလုပ်အားခကို ၅ နှစ်အတွင်း ၁၅ ဒေါ်လာသို့ တိုးမြှင့်မည့် ဥပဒေကို မြို့ဝန် အဲရစ် ဂါဆက်တီ ဇွန်လ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။လော့စ်အိန်ဂျယ်လိစ်တွင် အနိမ့်ဆုံးလုပ်အားခကို ၅ နှစ်အတွင်း ၁၅ ဒေါ်လာသို့ တိုးမြှင့်မည့် ဥပဒေကို မြို့ဝန် အဲရစ် ဂါဆက်တီ ဇွန်လ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။“ကျွန်တော်တို့ မြို့တော်ရဲ့ စီးပွားရေးအားအင်တွေ ပြန်လည်ပြည့်ဖြိုး လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ရရှိမှု အနေအထားကလည်း စံချိန်တင် အမြင့်ဆုံး ဖြစ်နေသည့်တိုင်အောင်၊ လော့စ်အိန်ဂျယ်လိစ် မြို့သူမြို့သားအတော်များများ နောက်မှာ ကျန်နေဆဲ ဖြစ်ပါတယ်။ ယနေ့ အနိမ့်ဆုံးလုပ်အားခကို မြှင့်တင်ပေးလိုက်ခြင်းအားဖြင့် အဲဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်”
“အယ်လ်အေ မြို့နေ အလုပ်လုပ်တဲ့မိသားစုများဟာ ဆင်းရဲနွမ်းပါးမှုကနေ ကိုယ့်ဖာသာ ရုန်းထွက်နိုင်ပါလိမ့်မယ်။ အနိမ့်ဆုံးလုပ်အားခကို လူနေမှုစရိတ်နဲ့ တွဲချည်ထားလိုက်ရင် တရားမျှတသွားလိမ့်မယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးထဲမှာ လူတိုင်းလူတိုင်းက သုံးနိုင်စွဲနိုင်မယ်ဆိုရင် အကောင်းဆုံး ပြည့်စုံချမ်းသာမှု ရရှိပါလိမ့်မယ်။ ဒီလို တွန်းအားကနေ အယ်လ်အေတစ်မြို့လုံးအကျိုးရှိလိမ့်မယ်” ဟူ၍ မြို့ဝန် ဂါဆက်တီက ပြောကြားသည်။
ဥပဒေသစ်အရ၊ လော့စ်အိန်ဂျယ်လိစ်တွင် လက်ရှိ အနိမ့်ဆုံးလုပ်ခ တစ်နာရီလျှင် ၉ ဒေါ်လာမှ ရှေ့နှစ် ၂၀၁၆ ခုနှစ်တွင် ၁၀.၅၀ ဒေါ်လာသို့လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ၁၂ ဒေါ်လာသို့လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ၁၃.၂၅ ဒေါ်လာသို့လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ၁၄.၂၅ ဒေါ်လာသို့လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ၁၅ ဒေါ်လာသို့လည်းကောင်း တစ်ဆင့်ချင်း တက်သွားမည် ဖြစ်၏။ လစာတိုးခြင်းကို နှစ်စဉ် ဇူလိုင် ၁ ရက်နေ့မှ စတင်ကျင့်သုံးမည် ဖြစ်သည်။
အလုပ်သမား ၂၅ ဦးထက် နည်းသော အသေးစား လုပ်ငန်းများသည် သတ်မှတ်လုပ်အားခသို့ တိုးရန် တစ်နှစ် နောက်သို့ရွှေ့ခွင့် ရှိပါသည်။
အလုပ်သမား ၉၀ ကို ခန့်ထားသော စားသောက်ဆိုင်ရှင်တစ်ဦးက အနိမ့်ဆုံး လုပ်ခတိုးခြင်းသည် ကောင်းသောကိစ္စ ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းလည်ပတ်စရိတ် သက်သာစေရန် အလုပ်ရှင်များ သည် အလုပ်သမား ဦးရေကို မဖြစ်မနေ လျှော့ချရတော့မည် ဖြစ်ကြောင်း စီဘီအက်စ် သတင်းဌာနသို့ ပြောကြားသည်။ ၎င်း၏ စားသောက်ဆိုင်အတွက် ယခု လုပ်သား ၉၀ မှ နောင်တွင် ၆၀ သို့ လျှော့ရမည်ဟု ဆိုပါသည်။
၎င်း၏ စားသောက်ဆိုင်တွင် လာစားသော ဧည့်သည်အမျိုးသမီးတစ်ဦးကမူ လုပ်အားခများ တိုးလာခြင်းကြောင့် လုပ်ငန်းရှင်များက ဈေးနှုန်းတိုးမြှင့်လာမည်ဆိုပါက စားသုံးသူများသာ ပိုမိုဝန်ပိလာမည်ကို စိုးရိမ်ကြောင်း ပြောကြားသည်။
အမေရိကန် ပြည်ထောင်စုတစ်ခုလုံးတွင် အနိမ့်ဆုံးလုပ်အားခ တစ်နာရီလျှင် ၁၀.၁၀ ဒေါ်လာ သတ်မှတ်ရန် သမ္မတ ဘာရက်ခ် အိုဘားမားအစိုးရက တိုက်တွန်းကြိုးပမ်းလျက်ရှိသည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆန်ဖရန်စစ္စကိုမြို့သည် ၂၀၁၅ နှစ်ဆန်းမှစ၍ ၁၁.၀၅ ဒေါ်လာသို့ တိုးမြှင့်ခဲ့သဖြင့် အများဆုံး နှုန်းထား ဖြစ်သည်။ တစ်ပြည်လုံးတွင် ဝါရှင်တန်ပြည်နယ်၊ ဆီအတ်တယ်လ်မြို့သည် တစ်နာရီလျှင် ၁၅ ဒေါ်လာဖြင့် လောလောဆယ် အမြင့်ဆုံး စံချိန်တင်ထားသည်။
http://kabarthit.com/index.php?option=com_content&view=article&id=675:2015-06-16-01-27-00&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment