အမေရိကန် လေတပ်ဟာ Hypersonic ယာဉ်ပျံ တစ်စီးကို တည်ဆောက်နေပါတယ်။ ထို လေယာဉ်တည်ဆောက်မှု အောင်မြင်လာရင်တော့ လန်ဒန် မှာနေထိုင်သူတွေအနေနဲ့ နယူးယော့ခ်က Central Park ကို နေ့ချင်းပြန် ပျော်ပွဲစား ခရီးထွက်နိုင်တော့မှာပါ။
ထို Hypersonic လေယာဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က တစ်နာရီကို ၃၈၈၂ မိုင်နှုန်းနဲ့ ပစိဖိတ် သမုဒ္ဒရာ အထက် ပေ ၆ သောင်း ပေါ်က ပျံသန်းပြခဲ့တဲ့ X-51 Waverider ယာဉ်ပျံ ကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်တယ်လို့ အမေရိကန် လေတပ်ရဲ့ သိပ္ပံပညာရှင် Mica Endsley က ဆိုပါတယ်။
"X-51 ဟာ စမ်းသပ်မှု ရဲ့ သက်သေတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒါကနေ စခရမ်း
ဂျက်အင်ဂျင် တစ်ခခုကို ရနိုင်တယ်ဆိုတာကို တွေ့ခဲ့ပြီး လေယာဉ်တစ်စီး
ကိုဖန်တီးလိုက်မယ်ဆိုရင်တော့ အသံထက် ၅ ဆ မြန်တဲ့ အမြန်နှုန်းနဲ့ Hypersonic
တစ်စီးကို ရလာနိုင်မှာပါ" လို့ Endsley က ဆိုပါတယ်။
ထို ယာဉ်ပျံဟာအသံ ထက် ၅ ဆ မက ပိုမြန်နိုင်ပြီး ဆီမကုန်မချင်း ထို
အမြန်နှုန်းနဲ့ ပျံသန်းနေမှာပါ။ ဒါဟာ ဝေဟင် hypersonic လက်နက် စနစ် အတွက်
အောင်မြင်တဲ့ စစ်ဆေးမှု တစ်ခုဖြစ်လာမှာ ဖြစ်တယ်လို့လည်း အမေရိကန် လေတပ်
တာဝန်ရှိသူတွေက ဆိုထားပါတယ်။
ဒါပေမယ့်လည်း ထို နည်းပညာတွေကို အမေရိကန် လေတပ် က လက်နက် ထုတ်လုပ်တပ်ဆင်ရေး မှာ ပဲ အသုံးပြုသွားဖွယ်ရှိနေပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
No comments:
Post a Comment