Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

၂၀၁၅ ဆီဂိမ်း ဘောလုံးပြိုင်ပွဲ ရဲ့ အထက်မြက်ဆုံး ကစားသမားများ ( ၁ )

Si Thu Aung


အသက် - ၁၈ / ကျောနံပါတ် - 5
နိုင်ငံ - မြန်မာ / ကလပ် - Yadanarbon FC



ခံစစ် မှာရော တိုက်စစ်မှာပါ လိုက်ပါကစားနိုင်တဲ့ ဗဟိုနောက်ခံလူ Si Thu Aung ဟာ ၂၀၁၅ ခုနှစ်အတွက် မြန်မာအသင်းရဲ့ လူငယ်တွေထဲမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်သူအောင်ဟာ အသက် ၁၆ နှစ်အရွယ်မှာကတည်းက ကလပ်အသင်းမှာရော ၊ ယူ-၂၀ အသင်းနဲ့ ယူ-၂၃ အသင်းတွေမှာသာမက နိုင်ငံ့လက်ရွေးစင်အသင်းတွေမှာ ပါ ယှဉ်ပြိုင်ခြေစွမ်းပြခွင့်ရခဲ့သူပဲ ဖြစ်ပါတယ်။

မနှစ်ကတုန်းက အသက် ၁၈ နှစ်အရွယ် ကစားသမားလေး စည်သူအောင် ဟာ မြန်မာနေရှင်နယ်လိဂ် ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ Yangon United အသင်းကနေ လက်ရှိ ချန်ပီယံ Yadanarbon FC အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ထိုလူငယ်လေးဟာ နောက်တန်းကစာသမားတစ်ယောက် ဖြစ်ပေမယ့် လိုအပ်တဲ့အခါတွေမှာ အလယ်တန်း ကစားသမား တစ်ယောက် အဖြစ်လည်း ကောင်းမွန်စွာ ခြေစွမ်းပြနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Nguyen Cong Phuong

အသက် - ၂၀  ကျောနံပါတ် - 10
နိုင်ငံ - ဗီယက်နမ်  / ကလပ် - Hoang Anh Gia Lai



ဗီယက်နမ် အသင်းရဲ့ တိုက်စစ်မှုး Nguyen Cong Phuong ဟာ ဗီယက်နမ် အသင်းရဲ့ ပထမဆုံး ဆီဂိမ်း ပွဲစဉ်ဖြစ်တဲ့ ဘရူနိုင်း နဲ့ ပွဲစဉ်မှာကတည်းက ပွဲချိန် ၈၂ မိနစ်မှာ အလှပဆုံး ဂိုးကိုသွင်းယူခဲ့သူဖြစ်ပါတယ်။ ကျောနံပါတ် ၁၀ ၊ Nguyen Cong Phuong ဟာ ၂၀၁၂ ခုနှစ် က အာစင်နယ် ရဲ့ ယူ-၁၇ အသင်းနဲ့ အတူ လန်ဒန်မှာ လေ့ကျင့်ဖို့ ရွေးချယ်ခံရတဲ့ ကစားသမား ၄ ယောက်ထဲက ၁ ယောက်လည်း ဖြစ်ပါတယ်။

အသက် ၂၀ ရှိနေပြီဖြစ်တဲ့ Nguyen Cong Phuong ဟာ ပြည်တွင်းမှာတော့ ဗီယက်နမ် မက်ဆီ လို့ တင်စားခေါ်ဝေါ်ခံရတဲ့ တိုက်စစ်မှုး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ AFF ယူ-၁၉ ပြိုင်ပွဲတုန်းကလည်း သြစတြေးလျနဲ့ ပွဲစဉ်မှာ အကောင်းဆုံး အနိုင်ဂိုး ကို သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗီယက်နမ် မက်ဆီ ဟာ ဗီလိဂ်ဝမ်း ရဲ့ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Hoang Anh Gia Lai မှာ ကစားနေသူ လည်း ဖြစ်ပါတယ်။

မြန်မာ အသင်းနဲ့ ဗီယက်နမ် အသင်းတို့ဟာ ဆီးဂိမ်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဖြစ် ၁၃ ရက်နေ့ မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : FourFourTwo

No comments:

Post a Comment