Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 2, 2015

ကလေးငယ်များ ပန်းနာရင်ကြပ်ရှိလျင် မြေပဲနှင့်ဓါတ်မတည့်မှုဖြစ်နိုင်။


မေ (၁၈) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။

ပန်းနာရင်ကြပ်ရှိသော ကလေးအချို့ တွင် မြေပဲနှင့်ဓါတ်မတည့်မှုဖြစ်ပွားလေ့ရှိသော်လည်း များသောအားဖြင့် ကာယကံရှင်မှာ ငယ်ရွယ်သူဖြစ်သည့်အလျောက် သတိမထားမိဘဲ ဝေဒနာကိုသာ ကြိတ်မှိတ်ခံစားသွားတတ် ကြသဖြင့် အတူနေ အရွယ်ရောက်သူများ၊ လူကြီးသူမများက ဂရုပြုစောင့်ရှောက်သင့်ကြောင်း အမေရိကန် သုတေသီများက ထောက်ပြသည်။

ရင်ကြပ်တတ်တဲ့ကလေးက ရင်အမြဲကြပ်နေမယ်၊ အသက်ရှူရင် တရွှီးရွှီးမြည်နေမယ်၊ ချောင်းဆိုးတာ မပျောက်သလို ကို ဖြစ်နေမယ်ဆိုရင် အဲဒီကလေးဟာ မြေပဲနဲ့ ဓါတ်မတည့်တာဖြစ်နိုင်တဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် တွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ခန္ဓာကိုယ်မှာ ဓါတ်မတည့်မှုတစ်ခုခုဖြစ်ပေါ်နေရင် ပန်းနာရင်ကြပ်ကို ကုသဖို့ ၊ ထိန်း ချုပ်ဖို့  ခက်ခဲတတ်ပါတယ် ဟု အိုဟိုင်းယိုးပြည်နယ်၊ တော်လီဒိုမြို့ ၊ မာစီကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရောဘတ်ကွန်း က ပြောပြသည်။

သုတေသီများက ပန်းနာရင်ကြပ်ရှိသော ကလေးပေါင်း ၁၅၁၇ ဦးအား လေ့လာဆန်းစစ်ခဲ့ရာ အချို့ တွင် မြေပဲနှင့် ဓါတ်မတည့်သော ရောဂါအခံရှိနေပြီး အချို့ တွင်လည်း ပန်းနာရင်ကြပ်ဆေး အသုံးပြုထားသောအခါ မြေပဲစားမရ သော အခြေအနေနှင့် ကြုံတွေ့ ရသည်ကို တွေ့ ရှိခဲ့ကြသည်။ အဆိုပါကလေးငယ်များအနက် ၆၆၅ ဦးတွင် မြေပဲ နှင့် ဓါတ်မတည့်သောရောဂါကို တွေ့ ရှိခဲ့ရပြီး ၄င်းတို့ ၏ ပန်းနာရင်ကြပ်ကိုလည်း ထိန်းချုပ်ရန် အတော်ခက်ခဲကြောင်း သိရသည်။

ပန်းနာရင်ကြပ်ရှိတဲ့ကလေးတွေ မြေပဲနဲ့ ဓါတ်မတည့်ရင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ မြေပဲနဲ့  တည့်တဲ့ကလေးတွေဟာ ပန်းနာရင်ကြပ်ရှိနေပေသော်ငြား ဆေးရုံတက်ရတဲ့အထိ ဝေဒနာခံစားရတာမျိုးနဲပေမယ့် မြေပဲနဲ့ 
မတည့်တဲ့ကလေးတွေကတော့ အစားမှားလိုက်တာနဲ့  အမောပါဖောက်ပြီး ဆေးရုံကို အမြန်ဆုံးပြရတဲ့ အဆင့်ကို ရောက်သွားတတ်ပါတယ်ဟု ရောဘတ်က ဆက်လက်ရှင်းပြသည်။

ထို့ ကြောင့် ပန်းနာရင်ကြပ်ရှိသော ကလေးများသည် မြေပဲနှင့်ဓါတ်တည့်ခြင်း ရှိ၊မရှိ သေချာစွာစစ်ဆေးရန် လိုအပ် ပြီး ဓါတ်မတည့်သူများ၏ အစားအသောက်များကို လူကြီးသူမများက အထူးဂရုစိုက်ပေးကာ ကာယကံရှင်ကိုလည်း နားလည်အောင် ရှင်းပြထားရန် လိုအပ်ကြောင်း သိရသည်။
Lashio News Diary

No comments:

Post a Comment