More Than 432 Killed in China River Capsizing Are Honored |
ပေကျင်း ၊ ၈-၆-၂၀၁၅
တရုတ်နိုင်ငံ ယန်ဇီမြစ် အတွင်း ဖြစ်ပွားခဲ့သော ခရီးသည်တင် ကူးတို့ယာဉ် နစ်မြုပ်မှု၌ သေဆုံးသူ ဦးရေမှာ ဇွန် ၇ ရက်တွင် စုစုပေါင်း ၄၃၂ ဦးအထိ မြင့်တက် လာပြီ ဖြစ်ကြောင်း သိရသည်။
အရှေ့တိုင်းကြယ် အမည်ရှိ အဆိုပါ ကူးတို့ယာဉ်သည် မနစ်မြုပ်မီ ခရီးသည် ၄၅၆ ဦးကို တင်ဆောင် လာခဲ့ပြီး နန်ကျင်းမြို့မှ ချုံကင်းမြို့ သို့ မောင်းနှင်လာစဉ် တော်နေဒိုး မုန်တိုင်းနှင့် တွေ့ကြုံခဲ့ ပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး အဖွဲ့များသည် ယခုအခါ ပျောက်ဆုံးနေသူ များကို ဆက်လက် ရှာဖွေလျက် ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
Rescuers work in the hull of the upright ship Eastern Star to launch rescue work in the section of Jianli on the Yangtze River, central China's Hubei Province,
#PyiChitThar
No comments:
Post a Comment