Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

စစ်သည်တိုင်း လေ့လာလိုက်စားသင့်သည့် စာပေပညာ




စစ်သည်တိုင်း လေ့လာလိုက်စားသင့်သည့် စာပေပညာ

ညီလရောင်(ပတ္တမြားမြေ)

အကြားအမြင် ဗဟုသုတဖြစ်ဖွယ် စာပေဖန်တီးမှု ၊ အနုပညာ ရေးသားမှု၊ အတက်ပညာ သရုပ်ဖော် ခံစားမှု အစုစု အကျုံးဝင်သော စာပေ၏ ဂုဏ်ရည်ကြောင့် လောကဝန်းကျင် ဆင်ခြင်စရာတွေ ပေါများ လှပေသည်။ ယနေ့ကာလ မျက်မှောက် ခေတ်တွင် အွန်လိုင်း သိမှတ် စရာများ များပြားပေသည့် တိုင်အောင် ပုံနှိပ်စာပေ မီဒီယာ ကိုလည်း လက်လွှတ်၍ မရနိုင်ပေ။ အကြောင်းမှာ အကြိမ်ကြိမ် အဖန်ဖန် ဖတ်ရှုနိုင်ပြီး လိုအပ်ပါက လွယ်လင့်တကူ အသုံးပြု နိုင်မှု တို့ကြောင့်ပင် ဖြစ်ပေသည်။ သို့ဖြစ်ပါ၍ လူတိုင်းလူတိုင်း မိမိတို့ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန် အတွက် စာဖတ်ရန်၊ မှတ်သား လေ့လာရန်၊ ရေးသားကြရန်၊ အချိန်ပေး နိုင်ရပေမည်။ ''အလိမ္မာ စာမှာရှိ'' ဟူသည့် ဆိုရိုးအတိုင်း ကျိုးကြောင်း ဆင်ခြင် သိပွားစေရန် တာဝန်ရှိသူ များက ပညာရည် မြင့်မားရေး ရည်မှန်းချက် များအား စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက် ရှိသည်။

စာပေရေးသား လေ့လာ လိုက်စားမှုသည် မိမိပညာ အရည်အချင်း တစ်ခုတည်းနှင့် မဆိုင်ပေ။ စာအုပ်စာပေကို ဖတ်ရုံမှတ်ရုံ မဟုတ် အသွားအလာ အစုအဆောင်း၊ ဝါသနာ ခံစားတက်မှု စသည့် ပေါင်းရုံး စုစည်းမှုက အခရာပင်  ဖြစ်လေ၏။ ရေးသားသူများ အဖို့  ရသခံစားမှု ပေးလိုသည့် အတွေး၊ ဆင်ခြင်အပ်သည့် အမြင်၊ ကြုံတွေရမည့် သုတ အဖြာဖြာ စသည့်တို့ကို ဝေဖန်ပိုင်းခြား နိုင်သည်နှင့် အမျှ ရေးသားမှုသည် ပိုမိုပီပြင် ထင်ရှား လာပေမည်။ ဖတ်ရှု သူများအဖို့ ရသကို ဦးစား မပေးဘဲ သုတ ဖြစ်စေသော အရေးအသားများ ပါဝင်သည့် စာအုပ်များကိုသာ အလေးပေး ဖတ်ရှုသင့်ပေသည်။ သို့မှသာ ဆင်ခြင်ပိုင်းခြား နိုင်စွမ်း မြင့်မာလာပြီး အသိပညာများ တိုးပွားစေကာ တိုက်ပွဲတိုင်းကို အသိပညာ ရှိရှိဖြင့် ကွပ်ကဲ ကြပ်မတ်ကာ အောင်ပွဲများ ရရှိပေမည်။ တောတွင်းနေ တဖက် အဖွဲ့အစည်းများ အနေဖြင့် စာပေလေ့လာ လိုက်စားမှု မရှိဘဲ သူများ ပြောသမျှ အဟုတ်ထင်ကာ တလွဲ ဆံပင်ကောင်း အတွေးများဖြင့် ဆင်ခြင် နိုင်စွမ်း မရှိသ၍သာ ယခု အချိန်ထိ ပြည်တွင်းစစ်များ ဆက်လက် ဖြစ်ပွား နေခြင်းပင် ဖြစ်သည်။

စာပေ လေ့လာရာ တွင်လည်း ပညာရှင်များ ညွှန်ကြား ထားသဖြင့် နားယဉ်နေပြီး ဖြစ်သော ''စု၊တု၊ပြု'' ကို အခြေခံ ရပေမည်။ စာပေစုဆောင်း လေ့လာမှု၊ တုပ ရေးသားမှု၊ ကိုယ်တိုင် ဖန်းတီး တီထွင်မှု အားထုတ်မှုတို့ ရှိမှသာ တိုးတက် အောင်မြင် ပေမည်။ ဆရာကြီး မင်းသုဝဏ် ၏ အမှာစကား ဖြစ်သော ''လက်သင်စာ ၊ရာသီစာ ၊သွေးတောင်းစာ'' စသည်ဖြင့် လက်သင်မှ စကာ တစ်ဆင့်ပြီး တစ်ဆင့် လှမ်းတက် နိုင်ရပေမည်။ ''မြေစမ်း ခရမ်းပျိုး နေချိန်'' အောင်မြင်မှု မရှိပါက စိတ်ပျက်ဖို့ မလိုဘဲ ရေးရင်း သားရင်းဖြင့် အရေးအသား တဖြည်းဖြည်း သင့်မြတ် သွားပေမည်။

လက်သင်စာ၊ ရာသီစာ၊ သွေးတောင်းစာ စသည်တို့ ရေးသားတတ်ရုံ နှင့်ကျေနပ်နေ၍ မရဘဲ တဖြည်းဖြည်း မိမိအလိုကျ ဘက်စုံကျ အာရုံ ခံစားမှုများမှ ပေါက်ဖွားလာသည့် လက်တွေ့ကျ စာပေများ ဖြစ်ပေါ် လာအောင် ရေးသား နိုင်ရပေမည်။ ၄င်း စာပေများသည်  ကိုယ်တိုင် အားထုတ် ထား၍ သရုပ်သဏ္ဍာန် ပေါ်လွင်စေမည်။ ကိုယ်ပိုင်အသိ ခံစားချက် များဖြင့် ရေးသားထား၍ ပို၍ အသက်ဝင်၏။ ချဉ်ခြင်းတက်၍ ရေးသားရာမှ သွက်လက် ထက်မြတ်သည့် ရင်တွင်း ခံစားချက်မှာ စာပေတွင် ပုံရိပ်ထင်ပေါ် လာရပေသည်။

ရှေးယခင် နှစ်ပေါင်းများစွာ ကလည်း မြန်မာ့ သမိုင်းတွင် စာပေပုံရိပ်များ ထင်ရှားသော စာဆိုစစ်သည်၊ စစ်ထွက် စစ်သည် အကျော်အမော် များလည်း ပေါ်ထွန်း ခဲ့သည်။ ¤င်း စာဆိုစစ်သည် တို့၏ ဂန္တဝင်မြောက် လက်ရာများကို ယနေ့တိုင် နည်းမှီ နေရပေရာ ဆန္ဒနှင့် လုပ်ချင်စိတ်လေး သာလျှင် မိမိ တပ်မတော်သားများ အတွက် အရေးကြီးသည်။ ¤င်းစာပေများသည် ခပ်ညံ့ညံ့ မဟုတ်သော ဝတ္ထု ၊ ရတုကဗျာများ ဖြစ်သဖြင့် စာပေဘဏ်တိုက် ဟုပင် ဆိုရပေမည်။ တချို့သော သူများက စာပေသည် တပ်မတော်သားများ အတွက် မဟုတ်ဟု ထင်မြင်လျှင် အလွဲကြီး လွဲပေလိမ့်မည်။ စာပေ ပညာသည် လူ့အလွှာ အသီးသီးနှင့် မသက်ဆိုင်သူ မရှိ၊ ကျားကိုခလုတ်၊သစ်ငုတ်ကို သင်ဖြူး၊ ဆူးကို မွေ့ယာလို သဘောထားကာ ကြုံတွေ့ဖြတ်သန်း ခဲ့ရသမျှကို ရင်ထဲ  နှလုံးသားထဲမှ စွဲငြိနေသဖြင့် ပွင့်အန်စရာများ ရှိပေလိမ့်မည်။ ယင်းသို့သော အခြေအနေမှန် များကို စာပေပညာ တံခါးပေါက်မှ လှပ်လိုက်ခြင်းဖြင့် မိမိတို့ တပ်မတော်သား များ၏ လက်တွေ့ကျသော ဘဝသရုပ်မှန်ကို ပြည်သူများ သိမြင် လာပေမည်။

အလားတူ နယ်မြေ အေးချမ်းချိန် နောက်တန်း၌ ကြုံတွေ့ရသော အဖြစ်အပျက်များ မိသားစု ရေးရာ လွမ်း၊ ဆွေး၊ ပျော်ရွှင်မှု များသည်လည်း စာပေကုန်ကြမ်း တစ်ပုဒ် ဖြစ်နိုင်ပေသည်။ လူသား တစ်ဦး၏ လက်တွေ့ကျ ခံစားမှု၊ စစ်သည်တိုင်း မိသားစုများ၊ ပတ်ဝန်းကျင် နှင့် သဟဇာတ ဖြစ်အောင် အားထုတ်ရမှု၊ လူပီသသော အတ္တ၊ မာန၊ အကျင့်မျိုးစုံ တို့ဖြင့် ဘဝသရုပ် ပေါ်လွင်သော ဝတ္ထု၊ ဆောင်းပါးကို ရှာမှီး နိုင်မည်မှာ ဧကန်ပင်။ ၄င်းအပြင် ရှေ့တန်း၌လည်း တောတောင် ရေမြေသစ်၊ တိုင်းရင်းသား တို့၏ ရိုးသား ပွင့်လင်းမှု၊ သောင်းကျန်းသူ တို့၏ မသမာမှု များဘဝကို ပိုမိုစာနာ နားလည်တတ် ပေလိမ့်မည်။ စာပေ၏ အကျိုးကျေးဇူး မှ ရှေ့သို့ ကောင်းကျိုး အတွက် မျှော်မှန်းနိုင်ခြင်း ဖြစ်ပေါ်လာသည့် အခြေအနေ ဆိုးများ ကူညီဖြေရှင်း နိုင်ခြင်း၊ အပြန်အလှန် ချစ်ခင်မှုများ နှီးနှောဖလှယ် ပြသနိုင်ခြင်း စသည့် ရလဒ်ကောင်းများ ပေါ်ထွန်း လာမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ခေတ်စနစ် အတွေ့အကြုံတွေ ပြောင်းလဲလာသည်နှင့် အမျှ စာပေေ လာက၏ အရိပ်အဆင်း လက်ရာများ သည်လည်း ကဗ္ဗည်းအရာ တင်ခဲ့ပေသည်။ သို့ဖြစ်၍ မြန်မာ့ တပ်မတော်သားများ သည်လည်း ပညာရဲရင့် ပွဲလယ်တင့် စေရန်အတွက် စာပေပညာ များအား နေရာဒေသ မရွေး လေ့လာ လိုက်စားကာ တိုက်ပွဲဝင် စစ်သည် အသွင်မှ ကလောင်တံကိုင် စစ်သည် တစ်ဖြစ်လဲ ပေါင်းစပ်ခွင့်ရ စေရန် ဇွဲ၊ လုံ့လ၊ ဝိရိယ တို့နှင့် ရင်းနှီး စိုက်ထုတ်ကာ အနာဂတ် ရည်မှန်းချက် များကို အောင်မြင်အောင် ဖော်ဆောင်ရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသားအပ် ပေသည်။

#PyiChitThar

No comments:

Post a Comment