Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

တရုတ်တွင် အမျိုးသားတစ်ဦး၏ ကျောက်ကပ်ထဲမှ ကျောက်အလုံးပေါင်း ၄၂၀ ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရ



တရုတ်နိုင်ငံတွင် အမျိုးသား တစ်ဦး၏ ကျောက်ကပ်ထဲမှ ကျောက်အလုံးရေ ၄၂၀ ကို ဆရာဝန်များက ခွဲစိတ် ဖယ်ရှားပေးခဲ့ရကြောင်း သိရှိရသည်။
မစ္စတာဟီဟုသာ သတင်းများက အမည်ဖော်ပြသည့် အမျိုးသားကို ပြီးခဲ့သည့် သီတင်းပတ်ကုန်က ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။ နာကျင်မှု ဝေဒနာ ခံစားရသည့် ဟီသည် CT Scan စစ်ဆေးမှု ခံယူခဲ့ရာ ၎င်း၏ ကျောက်ကပ်အတွင်း၌ ကျောက်များဖြင့် ပြည့်နှက်နေသည်ကို ဆရာဝန်များက တွေ့ရှိခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသားကို ခွဲစိတ်ကုသပေးခဲ့သည့် ဒေါက်တာဝီက မိမိတစ်သက်တွင် လူတစ်ဦး၏ ကျောက်ကပ်ထဲ၌ ထိုမျှ ကျောက်များစွာ တည်နေသည်ကို မမြင်ဖူးခဲ့ဟု ဆိုသည်။ “ကျောက်ကပ်ထဲမှာ ဒီလောက်ကျောက်တွေ အများကြီး မမြင်ဖူးပါဘူး။ ခွဲစိတ်မှုက နှစ်နာရီတောင် မကြာခဲ့ဘူး။ ဒါပေမဲ့ ကျောက်တွေကို ဖယ်ထုတ်ဖို့ချည်း ၄၅ မိနစ် အချိန်ယူခဲ့ရတာပါ”ဟု ဒေါက်တာဝီက ပြောကြားခဲ့သည်။

ဟီ၏ ကျောက်ကပ်ထဲမှ ကျောက်များသည် အရွယ်အစား အစုံဖြစ်ပြီး အစိမ်းရောင်နှင့် အဝါရောင်များ ရှိနေသည်။ ဟီသည် နေ့စဉ်နေ့တိုင်း တို့ဟူး အများအပြား စားလေ့ရှိပြီး ရေအနည်းငယ်သာ သောက်ခြင်းက ယခုကဲ့သို့ ကျောက်တည်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်နိုင်ကြောင်း သိရသည်။

ဒေါက်တာဝီက ပဲကို အခြေခံ ထုတ်လုပ်သည့် တို့ဟူးကဲ့သို့ အစားအစာများသည် ကယ်လ်စီယမ်ဓာတ် အမြောက်အမြား ပါဝင်ပြီး လွန်လွန်ကဲကဲ စားသုံးပါက ကျောက်ကပ်ထဲတွင် အလွယ်တကူ ကျောက်များ ဖွဲ့စည်း ဖြစ်တည်နိုင်ကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် ရေအသောက်နည်းသည့်အခါ ကယ်လ်စီယမ်မှ ကျောက်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ပိုမို တွန်းအားပေးသည့်နှယ် ဖြစ်သွားစေသည်။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် ဖော်ပြထားမှုအရ ၂၀၀၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ဆရာဝန် တစ်ဦးသည် လူနာတစ်ဦး၏ ကျောက်ကပ် တစ်ဖက်တည်းမှ ကျောက်အရေအတွက် ၁၇၂၁၅၅ လုံးကို သုံးနာရီကြာ ခွဲစိတ်မှုဖြင့် ဖယ်ရှားပေးခဲ့ရဖူးကြောင်းလည်း သိရှိရသည်။
http://7daydaily.com/story/39139

No comments:

Post a Comment