CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 15, 2015
လှေစီးဘင်္ဂလီ ၃၇ ဦး ဇွန် ၁၇ ရက်နေ့ ပြန်ပို့မည်
ရန်ကုန်၊ ဇွန် ၁၆
ရခိုင်ပြည်နယ် အနောက်ဘက်နယ် စပ် မောင်တောမြို့နယ် တောင်ပြိုမြို့တွင် ထိန်းသိမ်းထားသော လှေစီး ရေမျောကမ်းတင် ဘင်္ဂလီ ၃၇ ဦးအား ဇွန်လ ၁၇ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် ပြန်လည် ပို့ဆောင်သွားမည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လွှင်က ပြောသည်။
“ ဟုတ်ကဲ့။ နှစ်ဦးနှစ်ကဘက် သဘောတူထားပြီး။ မနက်ဖြန် ဇွန်လ ၁၇ ရက်နေ့မှာ ယခင်ကျန်နေခဲ့တဲ့ ၅၀ ထဲက ၃၇ ဦးကို လွဲပြောင်းမှာ ဖြစ်ပါတယ်။ ခေါင်းတုံးကနေ လွဲပြောင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းလွဲပြောင်းပွဲသို့ တောင်ပြိုမြို့နယ်ခွဲ လ၀ကမှူးနှင့် ဘင်္ဂလာဒေ့ရှ် ခေါင်းတုံးစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတို့ တက်ရောက်မည်ဟု သိရသည်။
ယခုလွဲပြောင်းမည့် ၃၇ ဦးမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်တောင်ဘက် ၄ မိုင်အကွာ ပင်လယ်ပြင်တွင် ဖမ်းဆီးမိသော ရေမျောကမ်းတင် ၂၀၀ ဦးထဲမှ ဖြစ်သည်။ ယင်းအထဲမှ ၁၅၀ ကို ဇွန်လ ၈ ရက်နေ့က သူတို့၏ နေရပ်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည် လွဲပြောင်း ခဲ့သည်။
“ အကုန်လုံးကို လွဲမှာပါ။ ကျန်တဲ့ ၇၀၀ ကျော်ကိုလည်း စိစစ်ပြီးပြီ။ ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနကို စာရင်းပို့ထားပြီးပြီ။ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက သူတို့မိသားစုတွေရှိတဲ့ နေရာကို သွားရောက်စိစစ်ပြီးရင် ကျန်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားကို လွဲပြောင်း သွားမှာ ဖြစ်ပါတယ်” ဟု ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။
ဧရာဝတီတိုင်းတွင် ဖမ်းမိပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တောင်ပြိုမြို့နယ် ယာယီ လက်ခံစခန်းသို့ ပို့ဆောင်ခံရသူ ဘင်္ဂလီ ၇၃၃ ဦးထဲမှ ၅၄၄ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြောင်း စိစစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ
http://www.narinjara.com/burmese
လှေစီးဘင်္ဂလီ ၃၇ ဦး ဇွန် ၁၇ ရက်နေ့ ပြန်ပို့မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment