Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

တရုတ်ခွေးသားစားပွဲတော်မှ ခွေးအကောင် ၁၀၀ ကို ကယ်တင်ခဲ့သူ အမျိုးသမီးတဦး



ခွေးအကောင် ၁၀၀ ကို ကယ်တင်ခဲ့သူ တရုတ်အမျိုးသမီး (photo- time.com)

တရုတ်နိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ယူလင်းမြို့တောင်ဖက်ပိုင်းရှိ ခွေးများကို သတ်စားသော ပွဲတော်တစ်ခုမှ ခွေးအကောင် (၁၀၀)ကို ဒေါ်လာ (၁၀၀၀)ကျော် ပေးဝယ်ကာ ပြန်လည်ကယ်တင်ခဲ့တာပါ။

နှစ်စဉ် နေပူရှိန်အမြင့်ဆုံးအချိန်မှာ ကျင်းပလေ့ရှိတဲ့ အဲ့ဒီခွေးသားစားပွဲတော်ဟာ တိရိစ္ဆာန်အခွင့်အရေး   လှုံ့ဆော်သူများရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုကို တွေ့ကြုံနေရပြီဖြစ်ကြောင်း Agence France-Presse က သတင်းပေးထားပါတယ်။

အသက် (၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ယန်ဇီယွန်းဟာ ခွေးများကို လှောင်အိမ်ထဲမှာ ထည့်ပြီး   ရောင်းနေတဲ့ သတင်းဓာတ်ပုံတွေကို အင်တာနက်ထဲကနေရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီခွေးများကို ဒေါ်လာ (၁၀၀၀)ပေးပြီး ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လွန်ခဲ့သော နှစ်များမှာတော့ အဲဒီ ပွဲတော်ချိန်ရောက်လာပြီးဆိုရင် တိရိစ္ဆာန် အခွင့်အရေး လှုံ့ဆော်သူတွေဟာ ယူလင်းမြို့ကို ရောက်ရှိလာပြီး အဲဒီပွဲတော်ကို ဆန္ဒပြ သပိတ်မှောက်ခဲ့သလို သတ်စားမယ့် ခွေးများကိုလည်း ၀ယ်ယူကယ်တင်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ 

တရုတ်နိုင်ငံမှ ခွေးသားများဟာ ခိုးယူထားတဲ့ အိမ်မွေးတိရိစ္ဆာန်များနဲ့ လမ်းဘေးခွေးများကနေ ရရှိလာခြင်းဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် အာရှတိရိစ္ဆာန်များ ပရဟိတအဖွဲ့က ပြောဆိုထားပါတယ်။

ခွေးပေါင်းမြောက်များစွာကို အင်မတန်မှသေးငယ်တဲ့ လှောင်အိမ်ထဲမှာထည့်ထားပြီး  ရက်စက်စွာ ညှင်းဆဲကာ အဆိပ်ကျွေးသတ်ခြင်း၊ သေသည်အထိ ရိုက်နှက် သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ သို့ပေမယ့် ဒီလိုခွေးများကိုသတ်ဖြတ်စားသုံးခြင်းဟာ တရုတ်နိုင်ငံတွင် တရားဝင်ဖြစ်ကြောင်း ထို ပရဟိတအဖွဲ့မှ      ထပ်လောင်းပြောဆိုထားပါတယ်။

ဒီနှစ်မှာတော့ နိုင်ငံကျော် ဗြိတိသျှဟာသလူရွှင်တော်တစ်ဦးဖြစ်သူ ရစ်ကီဂျာဗေ့ အပါအ၀င် တိရိစ္ဆာန်ချစ်သူများဟာ #StopYulin2015 ခေါင်းစဉ်ဖြင့် ယူလင်းခွေးသားစားပွဲတော်ကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်နေပါတယ်။


ခင်အေးမြလွင်   

ကိုးကားသတင်း။  ။http://time.com/3929673/china-yulin-dog-meat-festival-rescue-cruel/

No comments:

Post a Comment