Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

ကြောင်လေးတွေကြောင့် ကလေးငယ်များ စိတ်ဝေဒနာအပြင် အခြားပြင်းထန်းတဲ့ေ၀၀ဒနာများ ခံစားရနိုင်


သိပ္ပံနည်းကျ လေ့လာမှုများက ကိုယ်ဝန်သည် အမျိုးသမီးတွေကို သူတို့ရဲ့ မမွေးဖွားသေးတဲ့ ကလေးငယ်တွေအတွက် ကြောင်လေးတွေရဲ့ အညစ်အကြေးတွေမှ တွေ့ရတဲ့ ရောဂါတစ်မျိုးဖြစ်သော toxoplasmosis အကျိုးဆက်တွေအကြောင်း နှစ်အတော်ကြာ သတိပေးထားပါတယ်။ Toxoplasmosis ရောဂါဟာ မျက်စိကန်းခြင်း၊ အကြားအာရုံဆုံးရှုံးခြင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးခြင်းနဲ့ စိတ်ဝေဒနာ စတဲ့ ပြင်းထန်တဲ့ ရောဂါတွေဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် အိုင်အိုဝါနဲ့ ဖလော်ရီဒါ တက္ကသိုလ်မှပြုလုပ်တဲ့ မကြာသေးမီက လေ့လာမှု တစ်ခုအရ ယင်းထိတ်လန့်စရာ သတင်းဟာ အဲဒီလောက်နဲ့တင် မရပ်သေးပါဘူး။

စာဖတ်စွမ်းရည် နိမ့်ကျခြင်း၊ မှတ်ဥာဏ် ထိခိုက်စေခြင်းတို့ကိုလည်း ဖြစ်စေတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။ တုတ်ကွေးလို ဖျားနာခြင်းကိုလည်း ခံစားရစေနိုင်သလို ဦးနှောက်ဆဲလ်တွင်း ပြည်တည်ခြင်းကို လည်း လူနာအများစု ခံစားရနိုင်ပါတယ်။

ဒီရောဂါ ခုခံဖို့ ဗီတာမင်-အီး များများစားပေးတာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပိုဆိုးတဲ့ အချက်က toxoplasma က အမျိုးသားတွေကို ပိုပြီး ရန်လိုစေတယ်လို့ ဆိုပါတယ်။ ကြောင်ကလေးတွေရဲ့အညစ်အကြေးဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို ထိထိရောက်ရောက် ပြောင်းလဲစေနိုင်ပြီး စိတ်မူမမှန်ဖြစ်စေပါတယ်။ ယင်းရောဂါရရှိတဲ့ အမျိုးသမီးတွေဆိုရင် ပိုပြီး လိမ်ညာတတ်တယ်လို့ ဖော်ပြထားပါတယ်။

trend myanmar

No comments:

Post a Comment