Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 24, 2015

ပြည်သူဆန္ဒအတိုင်း အခြေခံဥပဒေကို မပြင်ပါအမျိုးသား ပြန်လည်သင့်မြတ် ရေးနင့် ဝေးကွာမည်ဟု သူရဦးအောင်ကို ပြောကြား

နေပြည်တော် ၊ဇွန် ၂၄
ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေသော အခြေခဥပဒေ ပြင်ဆင်ရေး ကို ပြည်သူ့ ဆန္ဒအတိုင်း ပြင်ဆင်ခြင်း မပြုပါက အ မျိုးသားပြန်လည် သင့်မြတ်ရေး ၊ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖဒရယ်စနစ် ကို ဝေးကွာ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြား သည်။
အ ခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ တွင် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ နှင့် အခြား နိုင်ငရေး ပါတီ များ မှ လွှတ်တော် ကိုယ်စား လှယ်များ ၏ သဘောထား အမြင် ကွဲလွဲနေခြင်း နှင့် ပတ်သက်ပြီး သူရဦးအောင်ကို ထောက်ပြပြောဆို ခဲ့ခြင်းဖြစ်သည်။
တပ်မတော် က အခြေခံပဒေပါ အချက်အချို့ကို ပြင်ဆင်လိုခြင်း မရှိကြောင်း ပြောဆိုနေသဖြင့် ပြင်ဆင်ရေး မအောင်မြင်ပါ က လွှတ်တော်အနေနင့် ပြည်သူဆန္ဒအတိုင်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ပြရမည်ြ ဖစ်ကြောင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆိုသည်။
တပ်မတော် က မပြင်ဆင်ရန် ဆွေးနွေး ထားသော အခြေခဥပဒေ ပြင်ဆင်ရေး အတွက် အဓိက ကျနေသော ပုဒ်မ ၄၃၆ (က) ပါပြင်ဆင်ချက်များကို ဇွန် လ ၂၅ရက်နေ့ တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် တွင်မဲ ခွဲ ဆုံးဖြတ် မည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူ ရဦးရွှေမန်းက ပြောကြား သည်။
ယင်းဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆(က) ကို ဇွန်လ ၂၃ ရက်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေခြင်း ဖြစ်ပြီး ဇွန်လ ၂၅ ရက်တွင် ကိုယ်စားလှယ် ၃၀ ကျော်ဆွေးနွေးပြီးပြီဖြစ်ကြောင်းလွှတ်တော် ကိုယ်စား လှယ်များကဆိုသည်။
ယင်းပုဒ်မ ပြင်ဆင်ရေးကို ကိုယ်စားလှယ် ၅ ဦးက ထပ်မံဆွေးနွေးပြီးသည့်နှင့် တပါတည်း မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သောကြောင့် ကိုယ်စားလှယ်များ အစည်းအဝေး ပျက်ကွက်မှုမရှိစေရန် လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောဆိုထား သည်။
မဲခွဲဆုံးဖြတ်ခြင်းတွင် စက်ခလုပ်နှိပ်မဲခွဲဆုံးဖြတ်ခြင်းထက် အထိုင်၊အထ မဲပေးစနစ်ဖြင့်ပြုလုပ်ရန်လိုအပ်ပြီး ယင်း စနစ်ကို ကြိုက် နှစ်သက်ကြောင်း အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောသည်။
မဲခွဲဆုံးဖြတ်မှုတွင် စက်ခလုပ်နှိပ်မဲပေးသည့်စနစ်အသုံးပြုပါက သံသယ ဖြစ်စရာ အချက်များရှိနိုင်ကြောင်း ပြည် ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဇွန်လ ၁၆ ရက်က အစီရင်ခံစာတင်ပြထားသည်။
အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတွင် ကြံ့ခိုင်ရေးပါတီ မှရေးဆွဲ တင်ပြခဲ့ခြင်ြး ဖစ်ပြီး NLD ပါတီပြင်ဆင်လိုသော အချက်များနှင့် ကွဲလွဲနေကြောင်း ယင်းပါတီဝင် ကိုယ်စားလှယ်များက လွှတ်တော်သို့တင်ပြပြောဆိုထားသည်။
The Voice Weekly

No comments:

Post a Comment