Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ဒေါ်လာ သန်း ၅၀ တန်ဘိုးရှိ ခေါက်ဆွဲများကို နက်စ်လေက ဖျက်ဆီးမည်


နယူးဒေလီ၊ ဇွန် ၁၆ ။ ။ အိန္ဒိယ အစားအစာအန္တရာယ်ကင်းရှင်းမှု ထိန်းသိမ်းရေးအဖွဲ့၏ ပိတ်ပင်ခံရပြီးနောက် နက်စ်လေကုမ္ပဏီက ဒေါ်လာ သန်း ၅၀ကျော်တန် ၄င်း၏ လူကြိုက်များသော မက်ဂီခေါက်ဆွဲများကို စမ်းသပ်ချက်များအရ မက်ဂီအသင့်စားခေါက်ဆွဲများသည် အန္တရာယ်ကင်းရှင်းမှုမရှိကြောင်း တွေ့ရှိရပြီး နက်စ်လေ သည် အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နက်စ်လေကမူ ၄င်းခေါက်ဆွဲများမှာ အန္တရာယ်ကင်းရှင်းပြီး ပိတ်ပင်မှုကို စိန်ခေါ်သည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယ၏ အသင့်စားခေါက်ဆွဲဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို နက်စ်လေက ရရှိထားသည်။

ယခုလအစောပိုင်းက အချို့ခေါက်ဆွဲထုတ်များတွင် ခဲပါဝင်မှုနှုန်းမှာ ခွင့်ပြုထားသည်ထက် ပမာဏများစွာပါဝင်နေသည်ဟု အစားအစာထိန်းချုပ်ရေး အဖွဲ့ဝင်များ က ပြောကြားပြီးနောက် နက်စ်လေက ၄င်း၏ မက်ဂီခေါက်ဆွဲထုတ်များကို ပြန်လည်သိမ်းယူမှုစတင်ခဲ့သည်။ ကုမ္ပဏီက ပိတ်ပင်မှုကို မွမ်ဘိုင်းရှိ တရားရုံးချုပ်တွင် စိန်ခေါ်လျက်ရှိရာ အိန္ဒိယ၏ အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ပြသနာများကို ဖြစ်ပေါ်စေခဲ့သည်။

နက်စလေ၏ ကမ္ဘာလုံးဆိုင်ရာ အမှုဆောင်ချုပ် ပေါလ်ဘတ်လ်ကေးက ဓါတ်ခွဲခန်းစမ်းသပ်ချက်ရလဒ်များကို ကြည့်ရှုရန်တောင်းဆိုထားပြီး မကြာမီ စင်များပေါ်သို့ မက်ဂီခေါက်ဆွဲများပြန်ထားရန် ကတိပြုထားသည်။ အဆိုပါခေါက်ဆွဲများမှာ ၁၉၈၃ခုနှစ်ကတည်းက အိန္ဒိယသို့ ရောက်ရှိနေခဲ့ပြီး နိုင်ငံတစ်ဝန်း ထောင့်ဆိုင်များ တွင် တွေ့ရသည်။

mizzima

No comments:

Post a Comment