Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ဖီလေး ဂြိုဟ်ဆင်းယာဉ် ကမ္ဘာနှင့် ဆက်သွယ်မှု ပြန်လည်ရရှိ




လန်ဒန် ၊ ၁၆-၆-၂၀၁၅

ဥရောပ အာကာသ အေဂျင်စီမှ လွှတ်တင်ပြီး ကြယ်တံခွန် အမှတ် 67P နောက်သို့  အချိန် ၁ဝ နှစ်ထက်မနည်း လိုက်ခဲ့ရသည့် အာကာသယာဉ် ရိုစီတာ ပေါ်မှ ဖီလေး ဂြိုဟ်ဆင်းယာဉ် (ပုံ) သည် ကြယ်တံခွန် ပေါ်သို့ ဆင်းသက် နိုင်ခဲ့သည်။

အာကာသ စူးစမ်း လေ့လာရေး သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကြယ်တံခွန် တစ်ခုပေါ်သို့ ဆင်းသက် နိုင်ခဲ့သော ဖီလေး ဂြိုဟ်ဆင်းယာဉ် သည် ဆင်းသက်ပြီး မကြာမီမှာပင် ဘက်ထရီ အားကုန်ခန်း သွားသည်။

တည်နေရာ အားဖြင့်လည်း နေရောင် မရှိသည့် အရပ်သို့  ရောက်ရှိခဲ့သည့် အတွက် လှုပ်ရှားမှု လုံးဝ ရပ်ဆိုင်းသွားပြီး ကမ္ဘာနှင့်လည်း အဆက်အသွယ် ပြတ်တောက် နေခဲ့ရာ ယခု ခုနစ်လ ကြာမြင့်ခဲ့ပြီး သည့်နောက် ဇွန် ၁၃ ရက်က ကမ္ဘာနှင့် အဆက်အသွယ် ပြန်လည်ရရှိ ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖီလေး ဂြိုဟ်ဆင်းယာဉ် သည် ကြယ်တံခွန် အမှတ် 67P ပေါ်သို့ ယမန်နှစ် နိုဝင်ဘာ ၁၂ ရက်က ဆင်းသက် နိုင်ခဲ့သော်လည်း တည်နေရာ အနေအထားအရ နေရောင်ခြည်မှ အရိပ်ကျနေပြီး နေရောင်ခံ ဆိုလာပြား များကိုလည်း အပြည့်အဝ ဖွင့်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ကြယ်တံခွန်ပေါ် ဆင်းသက်ပြီး နာရီ ၆ဝ အကြာတွင် ဘက်ထရီအား လုံးဝ ကုန်ခန်း သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ကြယ်တံခွန် ပေါ်တွင် အပူချိန် မှာလည်း အနုတ် ၁၅ဝ ဒီဂရီ ဖာရင်ဟိုက် ထိ အေးခဲနေသည့် အတွက် ဖီလေး၏ ကိရိယာ အစိတ်အပိုင်း များသည်လည်း အေးခဲ သွားခဲ့ဖွယ် ရှိသည်ဟု သံယစိတ်ဖြင့် စိုးရိမ် နေမိကြောင်း၊ ယခုကဲ့သို့  ၇ လကြာမှ ဖီလေးထံမှ မမျှော်လင့်ဘဲ ဆက်သွယ်မှုကို ဖမ်းယူရရှိ ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း ဖီလေး ဂြိုဟ်ဆင်းယာဉ် သုတေသန အဖွဲ့  အကြီးအကဲ ဒေါက်တာ မက်ကောဂရေယမ် က ပြောပြသည်။

''ကျွန်တော်က မျှော်လင့်ချက်တောင် မရှိတော့ဘူးလို့ ထင်တာပါ။ ဒါပေမဲ့ စနေနေ့ ညမှာ ဖီလေးဆီက ပေးပို့လာတဲ့ ဆက်သွယ်မှုကို ဖမ်းယူရရှိခဲ့ ပါတယ်။ ၈၅ စက္ကန့် အတွင်း ဖီလေးကို ကျွန်တော်တို့ ပြန်ဆက်သွယ် နိုင်ခဲ့ပါတယ်။ ဖီလေး က ကမ္ဘာဆီကို ဒေတာ ပက်ကေ့ခ်ျ ၃ဝဝ ပေးပို့ပြီး ပါပြီ။ နောက်ထပ် ဒေတာ ၈ဝဝဝ လောက်ပို့ပေးဖို့ ကျန်နေ ပါသေးတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဥရောပ အာကာသ အေဂျင်စီ သည် ကြယ်တံခွန် အမှတ် 67P ပေါ်သို့ ရောက်ရှိနေသော ဖီလေး ဂြိုဟ်ဆင်းယာဉ် ၏ တည်နေရာကို အတိအကျ ဖော်ထုတ် ရဦးမည် ဖြစ်ပြီး ကြယ်တံခွန်ကို အနည်းဆုံး ၁ဝ လက်မ အနက်ထိ တူးဆွကာ ကြယ်တံခွန်တွင် ဖြစ်တည် ပါဝင်နေသော ဒြပ်ပစ္စည်း များကို စူးစမ်း လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment