Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

အာကာသမှာ အပြာဇာတ်ကား ရိုက်ဖို့ ပြင်ဆင်နေ


ဆွဲငင်အား ရှိနေတဲ့ အာကာသမှာ အပြာဇာတ်ကား ရိုက်ကူးမယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာတာကြောင့် စိတ်ဝင် စားစရာ ဖြစ်ခဲ့ ပါတယ်။ တကယ်လို့ ရိုက်ကူး ဖြစ်ခဲ့ရင် အာကာသမှာ ရိုက်ကူး နိုင်တဲ့ ပထမဆုံး အပြာဇာတ်ကား အဖြစ် မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ဖို့ မလွယ်တဲ့ အရာကို အကောင်အထည် ဖော်သွားမယ့် သူက အပြာဇာတ်ကားတွေကို အင်တာနက် ကနေ ဖြန့်ချိ နေတဲ့ Porn Hub က ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီလို ပြုလုပ် နိုင်ဖို့ ခက်ခဲမှာ ဖြစ်သလို ငွေကြေး ကုန်ကျမှုလည်း များမှာ ဖြစ်တာကြောင့် ရန်ပုံငွေ တစ်ရပ် ရှာဖွေ သွားမှာ ဖြစ်ပါတယ်။ Porn Hub ကတော့ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ အရာကို လုပ်ဆောင်နိုင် ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း၊ လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ရမှာ ဖြစ်သလို ဆွဲငင်အား ရှိနေတာကြောင့် အထူး ပြုလုပ်ထားတဲ့ အခန်းနဲ့ ၀တ်စုံ တို့ကို ပြုလုပ် သွားရမှာ ဖြစ်ကြောင်း၊ အပြာရုပ်ရှင် လောကအတွက် အပြောင်းအလဲများ ဖြစ်သွား နိုင်သည့် လုပ်ဆောင်မှုလည်း ဖြစ်ကြောင်း၊ မိမိတို့ အတွက် အတွေ့အကြုံ များစွာ ရရှိစေမည့် လုပ်ဆောင်မှု ဖြစ်ကြောင်း သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ဒီဇာတ်ကားကို အပြာသရုပ်ဆောင်တွေ ဖြစ်တဲ့ ဂျွန်နီဆင်းနဲ့ အီဗာလိုဗီယာတို့က ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေကြေး ကုန်ကျမှု အလွန် များနေတာကြောင့် ဆောင်ရွက်ဖို့ မလွယ်ဘူးလို့ သိရ ပါတယ်။
“ဒီဇာတ်ကားကို ရိုက်နိုင်ဖို့ အထူး စတူဒီယိုခန်း တစ်ခု ဖန်တီးရမှာ ဖြစ်ပြီး အခက်အခဲများနဲ့ ရင်ဆိုင် ရဖွယ် ရှိပါတယ်။ ပညာရှင်တွေက ဆွဲငင်အား ရှိနေတဲ့ နေရာမှာ အပြာဇာတ်ကားတွေ ရိုက်ဖို့ ဆိုတာ မလွယ်ကူဘူးလို့ သုံးသပ် ခဲ့ပါတယ်။
messenger

No comments:

Post a Comment