CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 11, 2015
အချစ်ရေး နှင့် တိတ်တိတ်ပုံး ကဲချင်တဲ့ ရာသီခွင်
သူငယ်ချင်းရဲ့ ရည်းစားကို ချစ်မိသွားပြီ။ ကိုယ်ကြိုက်လိုက်တဲ့သူက အိမ်ထောင်ရှိပြီးသား ဖြစ်နေ ဒီလိုပြီး အခြေအနေက မထင်ထားပဲ ဖြစ်လာတတ်ပါတယ်။
ရာသီခွင်တွေထဲမှာ ဒီလိုအခြေအနေမျိုးကို ကြုံဖူးတဲ့သူလဲရှိမှာပေါ့နော်။ ဒါပင်မဲ့လည်း ဖွင့်ပြောဖို့ရန်တော့ ခက်သား။ ကဲရာသီခွင်အလိုက် အချစ်ရေးမှာ မီးဆော့ချင်တဲ့ ပိုးပါတဲ့ အချိုးလေးကို ကြည့်လိုက်ကြရအောင်။
★ ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
★ ခံစားချက်တွေနဲ့ အသက်ရှင်နေရတဲ့ သူပါ။ ချစ်လာပြီဆိုရင်လည်း ပိုင်ရှင်ရှိသူ၊မရှိသူ မဆိုင်ပါ။ သူ့အတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်မဲ့သူပါ။ ဒါကြောင့်လည်း အချစ်ရေးမှာ စိတ်ဆင်းရဲရတတ်ပါတယ်။
★ မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
★ ကလေးကစားသလို အချစ်ရေးကို အလေးမထားတဲ့အခါမျိုးရှိတတ်ပါတယ်။ တကယ်ချစ်လာပြီဆိုရင်တော့ တစ်ယောက်မှတစ်ယောက်ဖြစ်သွားတတ်ပါတယ်။ မီးဆော့ချင်တဲ့စိတ်ရှိတာကြောင့် မိန်းကလေးအချင်းချင်း အမုန်းခံရတတ်ပါတယ်။
★ မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
★ ပြသာနာရှိမရှိ သိပ်မစဉ်းစားပါ။ လွယ်လွယ်နဲ့ လက်ခံလိုက်တဲ့အခါမျိုးလဲရှိပါလိမ့်မယ်။ ချစ်တယ်မချစ်ဘူးထက် အခြေအနေအပေါ်မူတည်ပြီး မီးဆော့တတ်တဲ့အတွက် သတိထားပါ။ မီးဆော့လွန်ရင်တော့ ကိုယ်ပဲ ခံစားရမှာပါ။
★ ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
★ ရာသီခွင်တွေထဲမှာ အလိမ္မာဆုံးသူဖြစ်ပါလိမ့်မယ်။ ပိုင်ရှင်ရှိပြီးသားသူကို ချစ်မိခဲ့ရင်လည်း ရင်ထဲမှာ ထာဝရသိမ်းထားမယ်ဆိုတဲ့သူပါ။
★ ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
★ အချစ်ရေးကို ဖြည်းဖြည်းချင်း စဉ်းစားတွေးခေါ်တဲ့သူ ဖြစ်ပါလိမ့်မယ်။ ငွေရေးကြေးရေးကသာ အဓိကဖြစ်နေတတ်ပါတယ်။ လွတ်လပ်တဲ့သူကို ရွေးချယ်ဖို့တော့ လိုမယ်ထင်ပါတယ်။
★ သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
★ ပစ္စည်း၊ဥစ္စာအပေါ်မူတည်ပြီး ဆုံးဖြတ်တတ်တဲ့ သဘောရှိတဲ့သူပါ။ ပိုက်ဆံရှိသောသူက ပျော်ရင်၊ ကိုယ်လည်း ပျော်နေတတ်ပါတယ်။ အိမ်မက်ကလန့်နိုးလာချိန်မှာတော့ ငါဘာကြောင့် ဒီလူကို ချစ်နေတာလဲလို့ ထင်နေမိမှာ အမှန်ပါ။
★ မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
★ ဒီရာသီခွင်ကတော့ လောကကြီးရဲ့ အပြစ်တင်မှုတွေ၊ အတင်းပြောတာတွေကို မုန်းတဲ့ ဒီလိုအချစ်မျိုးနဲ့ ကင်းကင်းနေတတ်ပါတယ်။
★ တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
★ ပြသာနာရှိတဲ့ အချစ်ကို ဝေးဝေးက ရှောင်တတ်သူပါ။ ဒါပင်မဲ့ တဘက်ကနေ ချဉ်းကပ်လာရင်တော့ ပျော့ပြီး လိုက်သွားတတ်လို့ သတိနဲ့နေနော်။
★ ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
★ အချစ်အတွက်ဆိုရင် အသက်ပဲပေးရပေးရပါ။ သူ့ကို ၁၀၀% မပိုင်ဆိုင်ရရင် စိတ်မချမ်းသာတဲ့သူ ဖြစ်တာကြောင့် ဖြစ်လာတဲ့ ပြသာနာကြောင့် စိတ်ဆင်းရဲရမယ်ဆိုရင်တော့ မီးမဆော့တာကောင်းပါတယ်။
★ ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
★ ချုပ်ချယ်မှုကို အရမ်းမုန်းတဲ့ ရာသီခွင်ပါ။ ကိုယ်တိုင်လည်း မီးမဆော့ပင်မဲ့ ပတ်ဝန်းကျင်ကတော့ သူတို့ရဲ့ ချစ်သူကို ခိုးယူသွားသူလို့ ထင်မြင်နေကြမှာပါ။ အနေအထိုင် ဆင်ခြင်သင့်ပါတယ်။
★ ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
★ ပိုင်ရှင်ရှိသူ ဟုတ်မဟုတ် မစဉ်းစားပါ။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်တဲ့အကျင့်ရှိတဲ့ သူပါ။ ပိုင်ရှင်ရှိသူတွေရဲ့ မုန်းတီးမှုကို ခံရတတ်တာကြောင့် သတိထားပါ။
★ မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
★ ခံစားချက်တွေနဲ့ ရှင်သန်နေရတဲ့ ရာသီခွင်ဖြစ်တဲ့အတွက် ချစ်လာပြီဆိုရင်တော့ တဇွတ်ထိုးလုပ်ချင်တဲ့ အကျင့်လေးရှိပါတယ်။ အချစ်ကို ၃ ယောက် ၁ ယောက်လုရမယ်ဆိုရင်လည်း နိုင်အောင်လုပ်မဲ့ အရည်အချင်းရှိပင်မဲ့လည်း ဆုံးရှုံးမှုတွေလည်း ရှိပါလိမ့်မယ်။
Chelmo Team
http://chelmo.tips/all-life/fortune/425-201506110001.html
အချစ်ရေး နှင့် တိတ်တိတ်ပုံး ကဲချင်တဲ့ ရာသီခွင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment