Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 13, 2015

ဒေါ်လာနှင့်အတူ ယန်းဈေးမြင့်၍ ကားတင်သွင်းမှုအများစု ရပ်နားထားရ


Byမိုးညို
ဒေါ်လာဈေးအတက်အ ကျမတည်ငြိမ်မှုနှင့်အတူ ဂျပန် ကားလေလံဈေးကွက်တွင် ယန်း ဈေးမြင့်နေသဖြင့် ပြည်ပမှ ကား တင်သွင်းမှုအများစု ရပ်နားထားပြီး ဈေးကွက် အခြေအနေကို စောင့်ကြည့်နေကြောင်း ကားတင် သွင်းသူများထံမှ သတင်းရရှိ သည်။

‘‘ဒေါ်လာဈေး တက်သွား တော့ယန်းဈေးက လိုက်တက် သွားတယ်။ တင်သွင်းတဲ့သူတွေ တော်တော် အခက်တွေ့နေလို့ ဈေးကွက်ကို စောင့်ကြည့်နေကြ တယ်’’ ဟု တစ်နိုင်တစ်ပိုင် ကား တင်သွင်းသူ ကိုမြတ်မင်းချစ်က ပြောသည်။

လက်ရှိပြည်ပမှ ကားတင် သွင်းသူအများစုမှာ ဈေးကစားလို သူ ၀ယ်ရောင်းများထက် ကိုယ် တိုင်စီးနင်းရန် တင်သွင်းကြသူသာပိုများကြောင်း ကိုမြတ်မင်းချစ်ကဆိုသည်။

ထို့အပြင် Brand Newကား အရောင်း ပြခန်းများတွင်လည်း ဒေါ်လာဈေးပုံမှန်နှုန်းကာလက စ ရန်ပေး ၀ယ်ယူထားသော်လည်း ဒေါ်လာဈေးဆက်တိုက်မြင့်တက် ချိန်တွင် ၀ယ်ယူသူဘက်က ပေါက် ဈေးအတိုင်း ပေးချေရမည် ဆို သောကြောင့် ၀ယ်သူနှင့်ရောင်းသူများအကြား ပြဿနာအချို့ကြုံ တွေ့နေရသည်ဟု Brand New ကားအရောင်းပြခန်းတစ်ခုမှ အ ရောင်းဝန်ထမ်း တစ်ဦးက ပြော ကြားသည်။

အများစုက ဒေါ်လာဈေးမ တက်မီနှင့် ဂျပန်ယန်းဈေး မ တက်မီက ၀ယ်ယူတင်သွင်းထား သည့်ယာဉ် ttအရေအတွက်လွန်စွာ များပြားနေခြင်းကြောင့်ရှိပြီးသားကားများကိုသာ အရောင်းအ၀ယ်ပြုလုပ်သည့်အခြေအနေရှိ ကြောင်း သိရိမင်္ဂလာယာဉ်ရောင်း ၀ယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးချမ်းမြေ့ကပြောသည်။

လက်ရှိတွင် ကားဝယ်လိုသူ များအတွက် အဓိကအခက်အခဲ တစ်ရပ်မှာ ကားပါကင်ဂယက် သာဖြစ်ပြီး ကားပါမစ်ရရန်အခက် အခဲများဖြစ်ပေါ်နေကြောင်းကား အရောင်းအ၀ယ်ပြုလုပ်သူများက ဆိုသည်။

ထို့အပြင် ကားအရောင်းစင် တာအများစုမှာ အပ်ကုန်စနစ် (သတ်မှတ်ကားစီးရေ တင်သွင်းရောင်းချပြီးမှ ထပ်မံတင်သွင်းရမည့်စနစ်) ဖြင့် ရောင်းချခြင်းကြောင့် အစိုးရကသတ်မှတ်သည့်နှုန်းထားတွင် ဒေါ်လာဈေးနှုန်းအပြောင်းအလဲကြောင့် ကားဈေးကိုအပြောင်းအလဲလုပ်၍ ရောင်းချနေရသည်ဟု ဒေါင်ဖန်းကားအရောင်းပြခန်း မန်နေဂျာ ကိုတင်ထွဋ်ကပြောသည်။
http://7daydaily.com/story/39441

No comments:

Post a Comment