Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

ဖမ်းဆီးချုပ်နှောင်ခံရသည့် မိန်းကလေးတစ်ဦး ဝရန်တာမှ ခုန်ချရန် ကြိုးပမ်းစဉ် လုံခြုံရေးဝန်ထမ်းများကယ်တင်


Byသန်းဌေး

ဗဟန်းမြို့နယ် ယုဇန တာဝါတွင် ဂျပန်နိုင်ငံသားတစ်ဦး ငှားရမ်းနေထိုင်သည့် သုံးလွှာရှိ တိုက်ခန်းမှ ခုန်ချထွက်ပြေးရန် ပြင်ဆင်နေသော အမျိုးသမီးတစ် ဦးကို လုံခြုံရေးဝန်ထမ်းများက ကယ်တင်ခဲ့ကြောင်း သတင်းရရှိ သည်။

ယုဇနတာဝါရှိ တိုက်ခန်းများ တွင် ငှားရမ်းနေထိုင်သည့် ဂျပန် နိုင်ငံသားသည် မြန်မာအမျိုးသမီး တစ်ဦးကို
 ဇွန်လ ၁၄ မှ ၁၇ ရက် အထိ ချုပ်နှောင်ထားသောကြောင့် ၎င်းအမျိုးသမီးသည် ဇွန်လ ၁၇ရက် နံနက် ၆ နာရီခန့်တွင် တိုက်ခန်းအမှတ်(၃၀၆)ဝရန်တာမှ ခုန်ချထွက်ပြေးရန် ပြင်ဆင်နေရာ ယုဇနတာဝါ လုံခြုံရေးဝန်ထမ်း များက ကယ်တင်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသားငှားရမ်းထား သည့် တိုက်ခန်းတံခါးမှ ဝရန်တာ သို့ထွက်ကာ အုတ်ပေါင်ပေါ်၌ မတ်တတ်ရပ်လျက် အောက်သို့ သွယ်တန်းထားသည့် ဖုန်းကြိုးကို လက်ဖြင့်ကိုင်ကာ အော်ဟစ် အကူအညီတောင်းနေသဖြင့် လုံခြုံရေးဝန်ထမ်းများက သွားရောက်ကယ်တင်ခဲ့ကြောင်း ယုဇနတာဝါစီမံခန့်ခွဲရေးကော်မတီ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

ဂျပန်နိုင်ငံသား Mr.Koji Matsukawa ဖမ်းဆီးချုပ်နှောင် ထားသည့် အသက်(၂၃)နှစ်ခန့်ရှိ အမျိုးသမီးအား လုံခြုံရေးဝန်ထမ်း များက ကယ်တင်ပြီးနောက် ၎င်းအမျိုးသမီးသည် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ပေးရန် ယုဇနတာဝါစီမံခန့်ခွဲရေးကော်မတီထံ အကူအညီတောင်းခံခဲ့သည်။

‘‘သူက အမှုဖွင့်ရင် ကျွန် တော်တို့က လက်ခံပေးရမှာပဲ။ အမှုမဖွင့်ခဲ့ဘူး။ လူမှုရေးကိစ္စပဲ ရှိတယ်။
သူတို့ချင်းကျေနပ်ပြီး ပြန်သွားကြတယ်။ ကောင်မလေးကို ဂျပန်နိုင်ငံသားက ပိုက်ဆံခုနစ် သောင်း(ကျပ်)ပေးလိုက်တယ်’’ ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန် ကျ အမှုစစ်ရဲအရာရှိက ပြော သည်။

အသက်(၃၉)နှစ်အရွယ် ဂျပန်နိုင်ငံသားသည် ယုဇနတာဝါ တွင် တိုက်ခန်းလေးခန်းငှားရမ်း ထားပြီး
ကုမ္ပဏီရုံးခန်း ဖွင့်လှစ် ထားကာ eXmyanmar Co.,Ltd အမှုဆောင်အရာရှိချုပ်အဖြစ် မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သည်။

‘‘ကောင်မလေးက အော်နေ တော့ ခုန်မချဖို့ ပြောပြီး လုံခြုံရေး က ဂျပန်နိုင်ငံသား ငှားနေတဲ့ အခန်းကမှန်းသိတာနဲ့ ကောင်မ လေးကို သွားခေါ်လာခဲ့တယ်။ ဒီ လိုကိစ္စမျိုး ဂျပန်နိုင်ငံသားအခန်း မှာ အရင်တစ်ခါကလည်း ဖြစ်ဖူး တယ်’’ဟု ဦးကိုကိုနိုင်က ပြော သည်။

အဆိုပါ ဂျပန်နိုင်ငံသား သည် ၂၀၁၄ နိုဝင်ဘာ ၃ ရက်က လည်း ပြည့်တန်ဆာကို ပျော်ပါး ရန် ခေါ်ယူ၍ သုံးရက်ကြာ ဖမ်းဆီးရိုက်နှက် ချုပ်နှောင်ထားသော ကြောင့် ဗဟန်းမြို့မရဲစခန်းမှ တာ ဝန်ရှိသူများထံတွင် ဝန်ခံကတိပြု ၍ လွတ်မြောက်ခဲ့ဖူးသည်။ ထို့ပြင်၂၀၁၄ တွင် အိမ်အကူမိန်းကလေး ကို ခါးပတ်နှင့် ရိုက်နှက်ခဲ့ဖူးပြီး ၎င်း နေထိုင်သော တိုက်ခန်းသို့ မူးယစ် ဆေးဝါးလာရောက်ပို့ဆောင်သူ ကိုလည်း ရဲက ဖမ်းဆီးခဲ့ဖူးကြောင်းယုဇနတာဝါစီမံခန့်ခွဲရေးကော်မ တီက ဆိုသည်။

‘‘သူငှားထားတဲ့ အခန်းတွေ လေး၊ ငါးခန်းရှိနေတယ်။ သူ့အပြု အမူတွေက ပတ်ဝန်းကျင်နဲ့ မ ကိုက်ညီတော့လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပဲ။ ကျွန် တော်တို့လုပ်နိုင်တာကတော့ အ ခန်းပိုင်ရှင်တွေကို မငှားဖို့ လိုက် ပြောရမှာပဲ။ သူတို့ဘာသာ ပိုက်ဆံ ရလို့ ထပ်ငှားတယ်ဆိုရင်တော့ မတတ်နိုင်ဘူးပေါ့’’ဟု အထက်ပါ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ပြောသည်။

ယုဇနတာဝါစီမံခန့်ခွဲရေး ကော်မတီသည် ယုဇနတာဝါတွင် တိုက်ခန်းငှားရမ်းနေထိုင်သူ Mr. Koji Matsukawa သည် အကြိမ်ကြိမ် မူးယစ်ရမ်းကားနေသော ကြောင့် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ ယခုနှစ် ဇန်နဝါရီ ၆ ရက်က တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါပြဿနာ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ဇွန်လ ၁၇ ရက်စွဲဖြင့် အထက်ပါအဖွဲ့အစည်းများသို့ ထပ်မံ တိုင်ကြားထားကြောင်း ကော်မတီက ပြောသည်။
7 Day

No comments:

Post a Comment