Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 17, 2015

တရားရုံးရှေ့မှာ အ၀တ်ဗလာ နဲ့ ဆန္ဒပြခဲ့တဲ့ အမျိုးသားများ အဖမ်းခံရ



အမျိုးသား တစ်စုဟာ တရားရုံး တစ်ခုရဲ့ အရှေ့မှာ အ၀တ်ဗလာ နဲ့ ဆန္ဒပြခဲ့ကြတဲ့အတွက် အဖမ်းခဲ့ကြရပါတယ်။

ဆန္ဒ့ပြ အမျိုးသား ၅ ယောက်ဟာ အနောက်တောက် တရုတ် အရပ်မှာရှိတဲ့ Hunan စီရင်စု ပြည်သူ့ တရားရုံး 
အရှေ့မှာ တစ်ကိုယ်လုံး အ၀တ်မပါပဲ မတ်တပ်ရပ် ဆန္ဒပြခဲ့ကြတဲ့အတွက် ဖြတ်သွားဖြတ်လာ တွေကလည်း 
ဓါတ်ပုံ ရိုက်မှတ်တမ်း တင်ခဲ့ကြပါတယ်။

ထို အမျိုးသားတွေဟာ Li Tianming ဆိုသူ ငှားရမ်းထားတဲ့ ၁၀ ယောက် အဖွဲ့မှ တစ်စိတ်တစ်ပိုင်းဖြစ်တယ်
လို့ Shanghaiist သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Li Tianming ကတော့ အသုံးဝင်သော လုပ်ငန်းများ 
ဖွံဖြိုးရေး နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ ထို တရားရုံး ရဲ့ အမှု တစ်ခုမှာ ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်။

ထို ဆန္ဒပြသူတွေဟာ မိနစ် ၂၀ ခန့် အ၀တ်ဗလာ နဲ့ ဆန္ဒပြခဲ့ကြပြီး ရဲ ၀န်ထမ်းတွေ ရောက်လာတဲ့အခါမှာတော့ သူတို့ကို အ၀တ် ၀တ်ဆင်စေပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

Li Tianming တို့ရဲ့ အမှု မှာတော့ Yongzhou ပြည်သူ့ တရားရုံးမှာ ကြားနာခဲ့စဉ်က Li Tianming ဘက် က 
အမှု ကို အနိုင်ရခဲ့ပြီးဖြစ်ပေမယ့် အသုံးဝင်သော လုပ်ငန်းများ ကုမ္မဏီက Hunan စီရင်စုမှာ ရှိတဲ့ ပြည်သူ့ 
တရားရုံးမှာ ထပ်မံ အမှုဖွင့်ထားခဲ့တာပဲ ဖြစ်ပါတယ်။

Hunan တရားရုံးကလည်း ပထမတစ်ကြိမ် ကြားနာပြီးသား အမှုကို ပြန်လည် ကြားနာရန် အမိန့် ချမှတ်ခဲ့တဲ့
အတွက် Li Tianming ကလည်း တရားဝင် တုံ့ပြန်မှုတွေ ပြန်လည် ပြုလုပ်လာပြီး ထိုတရားရုံးရှေ့မှာ 
အ၀တ်ဗလာ နဲ့ ဆန္ဒပြဖို့အတွက် လူ ၁၀ ယောက်ကို ငှားရမ်းခဲ့တာဖြစ်ပါတယ်။ 

အဖမ်းခံထားရတဲ့ ဆန္ဒပြသူတွေကတော့ စုံစမ်းစစ်ဆေးမှု မပြီးမချင်း ၁၅ ရက် ၊ ရက် ၂၀ ခန့် ထောင်ထဲမှာ
 နေရဦးမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment