Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ရေး လေ့ကျင့်ခန်း၌ တရုတ်နိုင်ငံ ပါဝင်လေ့ကျင့်



ပေကျင်း ဇွန် ၂၂ ရက်

တရုတ်နိုင်ငံ သည် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးများ အတွက် ရည်ရွယ် ပြုလုပ်သည့် ကမ္ဘာ့ အကြီးဆုံး စစ်ရေး လေ့ကျင့် ခန်းများ အနက်မှ တစ်ခု ဖြစ်သည့် Khaan Quest စစ်ရေး လေ့ကျင့် ခန်းသို့ တရုတ် တပ်ဖွဲ့ဝင် များကို ပထမဆုံး အကြိမ် စေလွှတ် ခဲ့ကြောင်း နှင့် အဆိုပါ စစ်ရေး လေ့ကျင့် ခန်းအား မွန်ဂိုလီးယား နိုင်ငံ မြို့တော် အူလန်ဘာတာ အနီးရှိ စစ်အခြေစိုက် စခန်း တစ်ခု၌ ဇွန် ၂ဝရက် က စတင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေး လေ့ကျင့် ခန်းတွင် မွန်ဂိုလီးယား၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ဂျပန်နှင့် အခြား နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ စစ်ဘက် တပ်ဖွဲ့ဝင် ၁၂ဝဝ ကျော် ပါဝင် လေ့ကျင့် သွားမည် ဖြစ်ပြီး ဌာနချုပ်အဆင့် စစ်ရေး လေ့ကျင့် ခန်းများနှင့် စစ်မြေပြင် လေ့ကျင့်ရေး စစ်ရေး လေ့ကျင့် ခန်းများကို ပြုလုပ် သွားရန် စီစဉ် ထားသည်။ တရုတ် နိုင်ငံသည် နှစ်စဉ် ပြုလုပ်နေကျ Khaan Quest စစ်ရေး လေ့ကျင့် ခန်းတွင် ပူးပေါင်း ပါဝင် လေ့ကျင့်ရန် ပထမဆုံး အကြိမ် အဖြစ် စစ်ဘက် တပ်ဖွဲ့ဝင် များကို စေလွှတ်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါ စစ်ရေး လေ့ကျင့် ခန်းအား ၂ဝဝ၃ ခုနှစ် မှ စ၍ ပြုလုပ် ခဲ့ကြောင်း မွန်ဂိုလီးယား နိုင်ငံ ဆိုင်ရာ တရုတ် စစ်သံမှူး၏ ပြောကြား ချက်အရ သိရသည်။

 ယခု ပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် စစ်ရေး လေ့ကျင့်ခန်း အား ဇူလိုင် ၁ ရက် အထိ ပြုလုပ် သွားမည် ဖြစ်ပြီး ပါဝင် လေ့ကျင့်သည့် နိုင်ငံများ အကြား နိုင်ငံ တကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင် ရေးများတွင် ပူးပေါင်း ဆောင်ရွက်မှု များ မြှင့်တင်သွားရန် ရည်ရွယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ဂိုလီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ဖော် ပြောကြားခဲ့သည်။
#PyiChitThar

No comments:

Post a Comment