Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 6, 2015

ခွေးများလိုက်လံသတ်ဖြတ်ဖမ်းဆီးသူများကို တရုတ်ရွာသားများ ပညာပေး



ခွေးများလိုက်လံသတ်ဖြတ်ဖမ်းဆီးသူများကို တရုတ်ရွာသားများ ပညာပေး

တရုတ်ပြည်က ရွာတစ်ရွာမှာ ခွေးတွေကိုသတ်ပြီးလိုက်လံခိုးယူနေတဲ့ သူခိုးနှစ်ဦးကို ရွာသားတွေက ဖမ်းဆီးရိုက်နှက်ကာ ကိုးနာရီလောက်ကြိုးတုပ်ထားလိုက်ပါတယ်။ သူတို့သတ်ခဲ့တဲ့ခွေးတွေကိုလည်း လည်ပင်းမှာ ကြိုးချည်ပြီး တိုင်မှာ တုပ်နှောင်ထားခြင်း ခံခဲ့ရပါတယ်။


ခွေးတွေကိုလိုက်လံဖမ်းဆီးသတ်ဖြတ်ကာ အသားလုပ်ရောင်းနေတဲ့သူတွေလို့ နယ်ခံရွာသားတွေက ယူဆတဲ့အတွက် အခုလိုပညာပေးလိုက်တာဖြစ်ပါတယ်။ သူခိုးနှစ်ဦးကို ရွာသားတွေလက်ထဲက ကယ်ဆယ်ဖို့ လွှတ်လိုက်တဲ့ ရဲအရာရှိတွေကိုတောင် ရွာသားတွေက ပြန်လည်ရန်မူခဲ့တယ်လို့ တရုတ်ပြည်နာမည်ကြီး သတင်းစာတစ်စောင်က ရေးသားဖော်ပြပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိသွားချိန်မှာ ရွာသားတွေက သူခိုးနှစ်ဦးကို ရိုက်နှက်နေဆဲဖြစ်ပါတယ်။ ရဲအရာရှိတွေက သူခိုးနှစ်ဦးကို ရဲလက်အပ်ဖို့ တောင်းဆိုရာမှာ ရွာခံတွေက လွှတ်မပေးပဲ သူတို့အတွက် ယွမ် တစ်သန်း ပေးမှလွှတ်နိုင်မယ်လို့ ပြန်ပြောခဲ့ပါ သေးတယ်။


ဒါပေမယ့် နောက်ပိုင်းမှာတော့ရဲတပ်ဖွဲ့ဝင်တွေက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သူခိုးနှစ်ဦးလည်း အခုတော့ ရဲလက်ထဲ ရောက်သွားခဲ့ပါပြီ။ တရုတ်ပြည်မှာ ခွေးသားဈေးကွက်ဟာ တွင်ကျယ်စွာ ဖြစ်နေတဲ့ အတွက်ဒီလိုလုပ်သူတွေ အများအပြားရှိနေပါတယ်။

Ref - dailymail
http://www.planet.com.mm/detail/27939/World

No comments:

Post a Comment