Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

ဗီဒီယို အကြိုခံစားခြင်း (အခြားတစ်ဖက်၌)


 ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ လူငယ်အချစ်ကားလေး တစ်ကား အကြောင်းကို ညွှန်းပေး လိုက်ပါတယ်။
ကသစ်ဖြူက ၀ိညာဉ်တွေကို မြင်ရတဲ့ ကောင်မလေး တစ် ယောက်ပါ။ ၀ိညာဉ်တွေကို မြင်နေ ရတဲ့အတွက် သူနေ့နေ့ညည အိပ်လို့မရဖြစ်နေပါတယ်။ အဲဒါ ကြောင့် သူ့ပုံစံက အမြဲတမ်းအိပ် ရေးပျက်သူ တစ်ယောက်လိုဖြစ် နေပြီး အလုပ်လည်း မမြဲပါဘူး။ အဲဒီလိုဖြစ်တာက သူငယ်ငယ် ကတည်းကဖြစ်တာတော့ မဟုတ် ပါဘူး။ သူတို့မိသားစုကားမှောက် တော့ သူတစ်ယောက်တည်း အ သက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒါ ကြောင့် ဆေးရုံအရေးပေါ်ဌာနမှာ ဆေးကုသပြီး ဆင်းလာတဲ့အချိန် ကတည်းက အဲဒီလို ၀ိညာဉ်တွေကို မြင်ရတဲ့သူတစ်ယောက် ဖြစ်လာ ခဲ့တာပါ။
ကသစ်ဖြူက ၀ိညာဉ်တွေကို မြင်ရတာကြောင့် အမြဲတမ်း မလွတ်မလပ် ဖြစ်နေပါတယ်။ နောက်ပြီး ၀ိညာဉ်တွေအကူအညီ တောင်းတဲ့အခါတိုင်းလည်း မျက် နှာလွှဲခဲပစ် မလုပ်နိုင်ဘဲ အမြဲကူ ညီပေးတတ်ပါတယ်။ တစ်ရက်မှာ သေသွားတဲ့ အဘွားကြီးတစ် ယောက်က သူ့ကိုအကူအညီလာ တောင်းပါတယ်။ ၀ိညာဉ်တွေ အနှောင့်အယှက်ခံနေရလို့ မကူ ညီချင်ပေမယ့် နောက်ဆုံးမှာ တော့ အဘွားကြီးကို သနားပြီး ကူညီပေးလိုက်ပါတယ်။ အဘွား ကြီးက သူ့ရဲ့ ရတနာပစ္စည်းတွေ ကို ၀ှက်ထားခဲ့တာကြောင့် မကျွတ်မလွတ်တဲ့ ဘ၀ကိုရောက် နေတာပါ။ အဲဒါကြောင့် ကသစ်ဖြူက အဲဒီအိမ်ကိုသွားပြီး ရတနာ ပစ္စည်းတွေရှာပေးခဲ့ပါတယ်။ စစချင်း အဲဒီအဘွားကြီးရဲ့ မိသားစုက အထင်လွဲခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကသစ်ဖြူကို နားလည်သွားခဲ့ပါတယ်။
မင်းနေက လူငယ်တစ်ယောက်ဖြစ်ပေမယ့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပါ။ သူက အလုပ်နဲ့ပတ်သက်ရင် အရမ်းစည်းကမ်းကြီးပါတယ်။ ငွေစာရင်းတွေဆိုရင် တစ်ထောင်လောက်ကအစ ကွာဟမှုရှိရင် မကြိုက်ပါ ဘူး။ နောက်ပြီး သူက၀ိညာဉ်တို့၊ သရဲတို့ဆိုတာကိုလည်း လုံးဝ အယုံအကြည်မရှိပါဘူး။ အဲဒီလိုနဲ့ မိုးတွေရွာနေတဲ့ ညတစ်ညမှာ သူတို့ကားကို ကောင်မလေးတစ်ယောက်က တားပါတယ်။ ဘာမှန်းမသိဘဲ ရပ်ပေးလိုက်တာကြောင့် အဲဒီကောင်မလေးက သူတို့ကားပေါ်ကို ရောက်လာခဲ့ပါ တယ်။ မင်းနေက ဘယ်ကမှန်းမသိတဲ့ ကောင်မလေးကို ကားပေါ်က ဆင်းဖို့ပြောခဲ့ပေမယ့် ကားမောင်းတဲ့ မင်းနေရဲ့ လူယုံဦးလးကြီးက ကောင်မလေးတစ်ယောက်တည်း ဖြစ်တာကြောင့် လမ်းဆုံလောက်အထိ ခေါ်သွားဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီလိုနဲ့ မင်းနေတို့ရဲ့ ရှော့ပင်းစင်တာ ကြီးမှာ လူလိုလို့ အလုပ်ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကသစ်ဖြူ ကလည်း အလုပ်ထွက်လာခဲ့ရပါတယ်။ အဲဒါကလည်း သူ့ဘေးမှာ အမြဲနေတဲ့ ၀ိညာဉ်တစ်ကောင်ကြောင့်ပါ။ သူ့သူငယ်ချင်းတစ် ယောက်ပြောပြတာကြောင့် မင်းနေတို့ရဲ့ ရှော့ပင်းစင်တာကြီးမှာ ကသစ်ဖြူအလုပ်လျှောက်ဖို့ ဖြစ် လာခဲ့ပါတယ်။ မင်းနေဆီမှာ ကသစ်ဖြူအလုပ်ရမှာလား။ ၀ိညာဉ်တွေရှိတယ်ဆိုတာကို မယုံကြည်တဲ့ မင်းနေနဲ့ ၀ိညာဉ်တွေကို မြင်နေရတဲ့ ကသစ်ဖြူတို့ ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ သစ္စာနှင်းဆီ ထုတ်လုပ်ရေးက ဖြန့်ချိပေးမည့် အခြားတစ်ဖက်၌ ဗီဒီယိုဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ မင်းနေအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ကသစ်ဖြူ အဖြစ် ၀တ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားပြီး မင်းတခေတ်ရဲ့ ၀တ္ထုဇာတ်ညွှန်းကို ဒါရိုက်တာနေပိုင်က ရိုက်ကူးပုံဖော်ထားပါတယ်။
http://7daydaily.com/story/39799

No comments:

Post a Comment