Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ရုပ်ရှင် အကြိုခံစားခြင်း- ဤအရာကို အချစ်ဟုခေါ်သလား

ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ ကျေးလက်သဘာဝ သရုပ်ဖော်ဟာသကားလေးတစ်ကားအကြောင်းကို ဖော်ပြပေးလိုက်တယ်။
ကုသက သူတို့ရွာမှာ လူပေါ်ကြော့တစ်ယောက်ဖြစ်ပြီး ဘာအလုပ်မှလည်း မည်မည်ရရ မလုပ်သလို အိမ်ကပစ္စည်းတွေကိုတောင် လစ်ရင် လစ်သလို ခိုးရောင်းလေ့ရှိသူပါ။ နောက်ပြီး ကုသဆိုတဲ့အတိုင်း သူ့ရဲ့ရုပ်ကလည်း ဆိုးပါတယ်။ ဒါပေမဲ့ သူ့မှာ ဂွမ်းစိန်ဆိုတဲ့ ရည်းစားတစ်ယောက်တော့ ရှိပါတယ်။ ကုသက ဂွမ်းစိန်ကို အရမ်းချစ်သလို ဂွမ်းစိန်ကလည်း ကုသကိုအရမ်းချစ်ပါတယ်။ ဂွမ်းစိန်မှာ ဖိုးစီဆိုတဲ့ အစ်ကိုရှိပါတယ်။ နောက်ပြီး သူတို့နဲ့ တစ်ရွာတည်းသား လုံးရှည်ကလည်း ဂွမ်းစိန်ကို တစ်ဖက်သတ်ကြိုက်နေပါတယ်။
တစ်ရက်မှာတော့ ကုသကို သူ့အဖေက မြို့သွားပြီး ပိုးသတ်ဆေး ၀ယ်ခိုင်းခဲ့ပါတယ်။ အဲဒီမှာပဲ သူကြိုက်တဲ့မင်းသမီးတစ်ယောက်ရဲ့ ရှုတင်နဲ့တိုးတာကြောင့် ကြည့်နေရင်း သူ့ရဲ့ အိတ်တွေနဲ့ အ၀တ်အစားတွေကို လူနှစ်ယောက်က လုသွားခဲ့ပါတယ်။ စွပ်ကျယ်နဲ့ ဘောင်းဘီတိုပဲ ကျန်ခဲ့တဲ့ ကုသ အဲဒီမြို့မှာရှိတဲ့ သူ့သူငယ်ချင်း ဇေယျာဆီကိုသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဇေယျာကလည်း သူ့ကောင်မလေးဘက်က သဘောမတူတာကြောင့် ခိုးပြေးဖို့စီစဉ်နေပါတယ်။
အဲဒီလိုနဲ့ ဘုမသိ ဘမသိနဲ့ ကုသပါ ဇေယျာသူ့ကောင်မလေးနဲ့ မင်္ဂလာလက်မှတ်ထိုးမယ့် တရား ရုံးကိုပါ သွားခဲ့ပါတယ်။ တရားရုံး ထဲမှာ စွပ်ကျယ်နဲ့ ဘောင်းဘီတို ၀တ်ထားတဲ့ ကုသကို တရားသူ ကြီးက လက်ဖက်ရည်ဆိုင်ကထင် ပြီး လက်ဖက်ရည်ဝယ်ဖို့မှာခဲ့ပါ တယ်။
အဲဒါနဲ့ ဇေယျာက အသိ သက်သေလက်မှတ်ထိုးဖို့ လိုက်လာတာဖြစ်တယ်လို့ ရှင်းပြပြီး လက်ဖက်ရည် ၀ယ်ဖို့ ထွက်သွားပါတယ်။
နောက်ပြီး ကုသကို အသိသက်သေအဖြစ် လက်မှတ်ထိုးပေးဖို့ လည်း ပြောခဲ့ပါတယ်။ အဲဒါ ကြောင့် ကုသလည်း လက်မှတ် ထိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ လက်မှတ်ထိုးလိုက်တာက သတို့ သားနေရာမှာပါ။ အဲဒီအချိန်မှာပဲ လက်ဖက်ရည်ဝယ်ဖို့သွားတဲ့ ဇေ ယျာက သူ့ကောင်မလေးအဖေ လိုက်လာတာကြောင့် ပြေးဖို့စီစဉ် ခဲ့ပါတယ်။ ကားဂိတ်ကိုရောက်တဲ့ အချိန်မှာ ဇေယျာက သူဝတ်ထား တဲ့ သတို့သားဝတ်စုံလဲခဲ့ပါတယ်။ ဇေယျာ အ၀တ်လဲပြီးချိန်မှာပဲ သူ့ကောင်မလေးအဖေရဲ့ ကားကို တွေ့လိုက်ပါတယ်။ အဲဒါနဲ့ သူလဲထားတဲ့ အ၀တ်တွေကို ကုသကို ပေးပြီး သူ့ကောင်မလေးကို ရွာကို ခေါ်သွားဖို့ ပြောခဲ့ပါတယ်။
ဇေယျာ့ကောင်မလေး နာ မည်က မိုးကေသီပါ။ အဲဒီလိုနဲ့ မိုးကေသီနဲ့ ကုသတို့ကားစီးပြီး ကုသတို့နေတဲ့ ရွာကို သွားခဲ့ပါ တယ်။ ဒါပေမဲ့ သူတို့စီးလာတဲ့ ကားက ရွာအထိ မရောက်ပါဘူး။ လမ်းကနေတစ်ဆင့် ပြောင်းပြီး စီးရပါတယ်။ ကားပြောင်းစီးရ မယ့် နေရာကိုရောက်တော့ ည ဘက်ပဲ ရှိပါသေးတယ်။ သူတို့စီး ရမယ့်ကားက မနက်မှလာမှာပါ။ ကုသကတော့ အမြဲတမ်းသွားနေ သူဖြစ်လို့ လမ်းဘေးမှာပဲ ထိုင် စောင့်ဖို့ ပြောခဲ့ပေမယ့် မိုးကေသီ ကတော့ ဟိုတယ်မှာနေဖို့ ပြောခဲ့ ပါတယ်။ အဲဒါကြောင့် ကုသဟို တယ်မှာ အခန်းသွားငှားပါတယ်။ အခန်းငှားတာကို ကုသက သူ ငယ်ချင်းမိန်းမနဲ့ အိပ်ဖို့ အခန်းငှား မယ်လို့ ပြောခဲ့တာကြောင့် ဟို တယ်က ၀န်ထမ်းမိန်းမက သူ့ကို အခန်းမငှားဘဲ ရန်တွေ့ခဲ့ပါတယ်။အဲဒါကြောင့် မိုးကေသီကိုယ်တိုင် အခန်းသွားငှားခဲ့ပါတယ်။ ၀န် ထမ်းမိန်းမက သူတို့နှစ်ဦး လင် မယားဆိုတာ မယုံပေမယ့် မိုးကေ သီက လက်ထပ်စာချုပ်ကိုပါ ပြ ခဲ့တာကြောင့် ယုံခဲ့ရပါတယ်။ ဖြစ် ချင်တော့ အဲဒီဟိုတယ်မှာ ဂွမ်းစိန် ရဲ့ အစ်ကို ကိုဖိုးစီရောက်နေပါ တယ်။ သူကလည်း ညဘက်ဘော လုံးပွဲကြည့်ဖို့ ထွက်လာရင်း ကုသတို့ နှစ်ယောက်နဲ့ တွေ့ခဲ့တာ ကြောင့် ပြဿနာတွေ စတက်ပါ တယ်။
မိုးကေသီကို ကုသခိုးလာ တယ်ဆိုတဲ့ သတင်းက ရွာတစ်ရွာ လုံး ပျံ့သွားပါတယ်။ အဲဒီသတင်း ကို ကြားတဲ့အချိန်မှာ ဂွမ်းစိန်အ သည်းကွဲခဲ့ရသလို ကုသရဲ့အဖေ ကလည်း လုံးဝသဘောမတူဘူး လို့ ပြောခဲ့ပါတယ်။ မိုးကေသီနဲ့ ကုသကို ကုသရဲ့အဖေက သူတို့ အိမ်ပေါ်မှာ မနေခိုင်းဘဲ နွားတင်း ကုပ်မှာပဲ နေခိုင်းခဲ့ပါတယ်။ မိုးကေသီနဲ့ ကုသရဲ့ ဇာတ်လမ်းဘာတွေ ဆက်ဖြစ်မှာလဲ။ ဇေယျာကကော ဘယ်ကို ရောက်နေတာလဲ ဆို တာကိုတော့ မကြာခင် ရုံတင်ပြ သမယ့် ဤအရာကို အချစ်ဟု ခေါ်သလားဆိုတဲ့ ရုပ်ရှင်ဇာတ် ကားမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ကုသအဖြစ် ဗေလုဝ၊ ဇေယျာအဖြစ် နိုင်းနိုင်း၊ လုံးရှည်အဖြစ် ခင်လှိုင်၊ ဖိုးစီအ ဖြစ် ဒိန်းဒေါင်၊ မိုးကေသီအဖြစ် မိုးဟေကို၊ ဂွမ်းစိန်အဖြစ် တက္ကသိုလ်ဂွမ်းပုံတို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ စတီးလ်ရဲ့ ၀တ္ထုကိုနေစိုးသော် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။
7Day Daily

No comments:

Post a Comment