Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 6, 2015

ညအချိန်တွင် အ၀တ်အစားမဲ့ အိပ်စက်ခြင်းသည် ကျန်းမာရေးကို ပိုမို ကောင်းမွန်စေသည်



လန်ဒန် ၊ ၄-၆-၂၀၁၅

ညအိပ်ရာ ဝင်ချိန်တွင် ညဝတ်အင်္ကျီ ၊ ဘောင်းဘီ မဝတ်ဆင်ဘဲ အဝတ်စား မဲ့ဖြင့် အိပ်စက် ခြင်းသည် ကျန်းမာရေးကို ပိုမိုကောင်းမွန် စေကြောင်း ဆေးပညာရှင် များက ထောက်ခံ ပြောကြား လိုက်သည်။

US National Sleep Foundation မှ နောက်ဆုံး ကောက်ယူခဲ့သော အမေရိကန် လူငယ် ၊ လူရွယ်များတွင် သုံးယောက်တွင် တစ်ယောက်သည် အိပ်ရာဝင်သော အခါ မည်သည့် အဝတ်အစား ကိုမျှ မဝတ်ဆင်ဘဲ အိပ်စက်လေ့ ရှိကြောင်း သိရသည်။

အဝတ်အစား မပါရှိဘဲ လွတ်လွတ် လပ်လပ် အိပ်ရခြင်းကြောင့် ကိုယ်အပူချိန် ကို ပုံမှန်အတိုင်း ဖြစ်စေခြင်း၊ အိပ်ရေးဝဝ အိပ်ရခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိစေကြောင်း ဒေါက်တာ ဆာရာဘရိစ် က ရှင်းပြသည်။

ညအိပ်ဝတ်စုံ ဝတ်ဆင်ခြင်း ကြောင့် အိပ်ရာခင်း များနှင့် မွေ့ရာများကို နဂိုရှိရင်း အပူချိန်ထက် ပိုမိုပူစေပြီး မိမိ၏ အရေပြား များကို ပူနွေးလာ စေသည်။

အမျိုးသမီးများ အိပ်ရာတွင် ကိုယ်လုံးတည်းဖြင့် အိပ်စက်ခြင်း ကြောင့် ချွေးစီးများ ထွက်ခြင်းမှ သက်သာရာ ရစေနိုင်ပြီး မီးယပ်သွေးဆုံး ချိန်များတွင် ယခုကဲ့သို့ ဝတ်လစ်စလစ် အိပ်စက်ခြင်းဖြင့် ကိုယ်အပူရှိန် ကျဆင်းနေ၍ အေးအေးမြမြ နေရခြင်းနှင့် စိတ်လက် အထူး ကြည်လင် စေကြောင်း ဖော်ပြထားသည်။

အမျိုးသားများ အတွက်လည်း ဝတ်လစ်စလစ် အိပ်စက်ခြင်းက ကျားဟော်မုန်း ဓာတ်ကို ထိန်းသိမ်း ထားသကဲ့သို့ ဖြစ်စေပြီး ညအိပ်ဝတ်စုံ ဝတ်ဆင် ထားခြင်းက ပူပူ လောင်လောင်ဖြင့် ကျားဟော်မုန်း ဓာတ်ကို လျော့ပါး စေတတ်ကြောင်း သိရသည်။

မိမိအိပ်ရာ ပတ်ဝန်းကျင်တွင် အေးမြခြင်း နှင့် လေဝင် လေထွက် ကောင်းနေခြင်းက ကိုယ်အပူရှိန် ဆိုင်ရာ အိပ်ခန်းတွင် အပူချိန် ကိုပါ လျော့ပါးစေ၍ အိပ်ရာဝင် လိုက်သည်နှင့် ချက်ချင်း အိပ်ပျော် စေကြောင်း အထူးသဖြင့် နွေရာသီတွင် ၄င်းအချက်ကို ဂရုစိုက် သင့်ကြောင်း ရှင်းပြထားသည်။

ဗြိတိန်နိုင်ငံ နယူးကာဆယ် နှင့် နော်တင်မာန် ဒေသတို့တွင် နေထိုင်သော စိတ်လွတ် ၊ ကိုယ်လွတ်ဝါဒ နှစ်သက်သော အမျိုးသား ၊ အမျိုးသမီး များတွင် ၃ဝ ရာခိုင်နှုန်း တို့က အိပ်ရာဝင် သောအခါ မည်သည့် အဝတ်အစား ကိုမျှ မဝတ်ဆင်ဘဲ အိပ်လေ့ ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment